ဆေးရုံထဲကနေတဖန်ပွေ့ချီပြီးထွက်လာကြပြန်တဲ့ သူတို့နှစ်ယောက်.. Taehyung မှာတော့မိန်းကလေးလိုလည်းဝတ်ထားသလို တစ်စုံတယောက်ရဲ့ ခုလိုမျိုးတယုတယပွေ့ချီကာ ဂရုစိုက်ပေးခြင်းပါခံရနေရတာကြောင့် လူကအငွေ့ပြန်သွားချင်တဲ့စိတ်တွေတဖွားဖွား..
ကားစီရောက်တော့ လာတုန်းကလိုအနောက်မှာမထိုင်ခိုင်းတော့ပဲ ရှေ့မှာ တင်ပေးလို့ ခါးပတ်ပါသေချာပတ်ပေးပြီးမှာ မောင်းသူဘက်ကိုထွက်သွားတဲ့ ထိုလူကြီးကို Taehyung အစအဆုံးလိုက်ကြည့်နေမိတယ်..သူရဲ့ဘေးမောင်းသူဘက်ဝင်ထိုင်လိုက်ပြီး စကားစပြောလာတဲ့ ထိုလူကြီး..
" ကောင်လေး တခုခုစားအုံးမလား အိမ်ရောက်ရင် ဆေးသောက်ရမှာဆိုတော့လေ "
" ဟုတ်ရတယ် ခင်ဗျ ကျွန်တော် အိမ်ပဲပြန်တော့မယ်ကျွန်တော် နဲ့ ဦးက ရင်နီးတဲ့သူတွေမှ မဟုတ်တာ ကျွန်တော်ကို အဲ့လောက်ဂရုစိုက်ပေးဖို့မလိုပါဘူး
" ဦးကြောင့်ဖြစ်ထားတာမို့လို့ ဦးမှာ တာဝန်ရှိလို့ပါ "
" တာဝန် တာဝန် အင်း."
Tae pov..အားအားရှိ တာဝန်ပဲပြောနေလိုက် မသိရင် အလုပ်နဲ့သူ့ကိုငါကခန့်ထားတာကျနေတာပဲ တာဝန် တာဝန်နဲ့ ဟွန့်
" ကောင်လေး "
Taehyung မှာ ထိုလူကြီးကို စိတ်ထဲ အတင်းတုတ်နေချိန် ထိုလူကြီးမှ ခေါ်လိုက်တာကြောင့် လန့်သွားကာ ပြန်ထူးသံက နဲနဲကျယ်လို့သွားသည်..
" ဗျာ ဟုတ် "
" နာမည်သိလို့ရမလား "
" Taehyung Kim Taehyung လို့ခေါ်ပါတယ် "
" ဘာမေဂျာယူထားတာလည်း "
" အနုပညာမေဂျာ အဓိကဘာသာက piano "
" အင်း "
" ဦး အဲ့အရှေ့လမ်းထဲကွေ့ပေးပါ ပြီးရင်ညာဘက်ထပ်ကွေ့ ပြီး နှစ်တိုက်ကျော် "
အိမ်ရှေ့မှာကားကိုရပ်လိုက်ပြီး Taehyung ရှိရာလာလို့တံခါးဖွင့်ကာ တဖန်ပွေ့ချီဖို့လုပ်လိုက်တော့..
" ဟင့်အင်း "
" ဘာလို့လဲကောင်လေး "
Taehyung ဟာ မျက်လုံးလေးမှိတ်လို့ မျက်နှာလေးရှုတ်မဲ့ကာ ..
