32

3.8K 233 25
                                    

"ငါပြောတာကို သဘောတူရင် ငါလက်မှတ်ထိုးပေးမယ် "

" omma ဒါက ကလေး "

" ဘာမှလာမပြောနဲ့ ငါ့သားကို ငါက နင့်ထက်ပိုချစ်တယ် ငါပြောတာကို သဘောတူရင် ငါလက်မှတ်ထိုးပေးမယ် "

" ကောင်းပါပြီ အချိန် နှစ်ပတ်အတွင်းတော့ ကလေးနဲ့ ကျွန်တော် ကို အတူတူ နေခွင့်ပေးပါ "

" ကောင်းပြီ အားလုံးပြီးတာနဲ့ ငါ့သားနားက အပြီးတိုင်ပျောက်ကွယ်သွားပေးပါ "

" .......ဟုတ်ကဲ့ ဖြစ်စေရပါမယ် omma "

အကြိမ်ကြိမ် ဒူးထောက်ကာ တောင်းပန်ပါသော် လည်း တင်းမာလှတဲ့ Tae အမေရဲ့ စိတ်ကို Jungkook ပြောင်းလဲအောင်ခုထိမလုပ်နိုင်သေး..

ခုလည်း စားသောက်ဆိုင်ရဲ့ Private room ထဲ ဒူးထောက်ကာ သူတို့နှစ်ယောက်ကိုခွင့်ပြုပေးဖို့တောင်းဆိုနေပါသော်လည်း အချည်းအနှီးသာ..

မျက်စိခွဲစိတ်ဖို့ အုပ်ထိန်းသူရဲ့လက်မှတ်ပါမှဖြစ်တာကြောင့် လက်မှတ်လေးထိုးပေးဖို့တောင်းဆိုလိုက်ချိန်မှာတော့ သူတိူ့နှစ်ယောက် ဝေးကွာဖို့က ဖန်လာပြန်တယ်..

ထိုသဘောတူညီချက်ကို လက်မခံချင်သော်လည်း လက်ခံခဲ့ရတဲ့ Jungkook သူမှာ နှစ်ပတ်ဆိုတဲ့ အချိန်လေးတခုသာကျန်ရှိနေတော့သည်..ဒါကို သူ့ရဲ့ရင်ခွင်ထဲက ကောင်လေးကတော့သိမည်အထင်..

" ဦးဂျွန် မအိပ်သေးပဲ ဘာတွေစဥ်းစားနေတာလည်း "

" ကလေးလေးအကြောင်းပေါ့ "

" ကလေးအကြောင်းဟုတ်လား ကလေးအကြောင်းက ဘာတွေစဥ်းစားစရာရှိလို့လည်း ဒီလောက်ရင်ခွင်ထဲရောက်နေတာကို "

" ဘာလို့​အဲ့လောက်တောက်ချစ်ဖို့ကောင်းနေရတာလည်းလို့ စဥ်းစားနေတာ "

" ဟီးဟီး ဦးဂျွန်ကလည်း..ကလေးစဥ်းစားနေတာရှိတယ် "

" ပြောပါအုံး ဘာများလည်းလို့ "

" ကလေးတို့ လက်ထပ်ကြရင်လေ မဂ်လာခန်းမကို တောအုပ်လေးပုံစံဖန်တီးမယ် မီးရောင်ဖျော့ဖျော့လေးထဲ ပိုးစုန်းကြူးလေးတွေ ပျံနေသလို မီးလုံးသေးသေးလေးတွေကို အလှဆင်မယ် ပြီးရင် ကလေးတို့က အဖြူရောင်ဝတ်စုံလေးတွေဝတ်မယ်.. ဟီးဟီး သဘောကျစရာကြီးနော်
ဦးဂျွန် "

Baby ( complete) Where stories live. Discover now