30

3.5K 205 5
                                    

မနက်ခင်းအိပ်ယာနိုးတော့ ဘေးဘက်ကို ဟိုစမ်းဒီစမ်း စမ်းကြည့်နေတဲ့ Tae.

"ဦးဂျွန်ရှိလား....ဟွန်းးမရှိဘူးထင်တယ် "

အနားမှာ ဘယ်သူမှ မရှိတာကြောင့် အိမ်ယာပေါ်ကနေထကာ မျက်နှာသစ်ရန် ရေချိုးခန်းသို့ထထွက်လိုက်တော့ ဝင်တိုက်မိတဲ့အရာ..

နှဖူးလေးကိုပွတ်ကာ အရှေ့က သူတိုက်မိတဲ့ အရာကိုစမ်းကြည့်တော့ လူတယောက်ခန္တာကိုယ်ကြောင့် Tae ဟာ စမ်းနေတဲ့လက်ကလေးက နောက်ဆုတ်လို့သွားသည်..

"ဟင် ဘာကြီးလည်း ဦးဂျွန် လား ဟင် ဦးဂျွန် လားလို့ ကလေး ကိုမနောက်နဲ့နော် ဘယ်သူလည်း ဦးဂျွန် လားလို့ ဟင့် ဟင့် ဦးဂျွန်!!!! "

မျက်စိမမြင်ရတာကြောင့် အသံကိုသာအားပြုကာလိုက်နားထောင်နေပေမယ့် ဘာသံမှမကြားရတာကြောင့် Tae ဟာ ထိုနေရာမှာတင်ဆောင့်​ကြောင့်လေးထိုင်ချကာ ဒူးခေါင်းနဲ့မျက်နှာလေးကိုအပ်လို့ ကြောက်ကြောက်နဲ့ပဲ အော်ကာငိုလိုက်တော့သည်.အဲ့တော့မှ ခန္တာကိုယ်လေးကို ပွေ့ချီကာ ဆွဲမွေ့လိုက်တဲ့ Jungkook..

" အာ့ ဦးဂျွန် ခုဏဦးဂျွန်မဟုတ်လား ဘာလို့နောက်တာလည်း ဒီမှာသရဲခြောက်ခံရတယ်ထင်ပြီး ကြောက်နေတာ ဦးဂျွန် မကောင်းဘူး ဦးဂျွန်မကောင်းဘူး ဟင့် "

ပွေ့ချီခံထားရတဲ့ကောင်လေးက Jungkook ရဲ့ ရင်ဘက်ကိုလက်သီးဆုတ်လေးတွေနဲ့တဘုံးဘုံးထုကာ ငိုပြီး စိတ်ကောက်လို့နေသည်..

" အောက်ချပေး မျက်နှာသစ်မလို့ "

" ဦးဂျွန်သစ်ပေးမှာပေါ့ "

" မလိုဘူး ကိုယ့်ဘာသာလုပ်မယ် ဦးဂျွန်နဲ့လုံးဝစကားမပြောဘူး လုံးဝ လုံးဝပဲ"

" ကလေးကလည်း ဦးဂျွန်က ကလေးကိုချစ်လွန်းလို့စမိတာကိုကွ အဲ့လိုကြီး စိတ်မကောက်ပါနဲ့ နော် ဦးဂျွန်ကလေးလေးက စိတ်မကောက်တက်ပါဘူးဟုတ်တယ်မဟုတ်လား "

"ကောက်တယ် ကောက်တယ် ခုကောက်တယ် အဲ့လိုကြီးစ စရာလား ကလေး ဟင့် ကလေး ဘယ်လောက်လန့်သွားလည်းမသိဘူးလား ဟင့် "

" နောက်မစတော့ဘူး လာဦးဂျွန် မျက်နှာသစ်ပေးမယ် "

" သွားမလာဘူး "

Baby ( complete) Where stories live. Discover now