ကျောင်းပိတ်ရက် မနက်စောစော မနိုးဘူးတဲ့ Tae တယောက် စောစောစီးစီး မီးဖိုဂျောင်ထဲ အလုပ်ရှုပ်လို့နေသည်..
စတော်ဘယ်ရီသီးကို သည်းကြီးမဲကြီးလှီးလို့နေတဲ့ Tae..ဘဝမှာ ပထမဆုံး ဓားကိုင်ဘူးခြင်းဖြစ်သည်..
အမေ ဖြစ်သူက သားဖြစ်သူကကုန်းကုန်း ကုန်းကုန်း နဲ့ဘာတွေများလုပ်နေလဲလို့ ခေါ်လိုက်ချိန်မှာ Tae ဟာ လန့်ပြီး ဓားချော်သွားကာ စတော်ဘယ်ရီအစား လက်ကိုသာ လှီးလိုက်မိတော့သည်..
" Kim Taehyung !!"
" လန့်လိုက်တာ အာ့ omma လက်ထိသွားပြီ အီးဟီးဟီး နာလိုက်တာ သွေးတွေများကြီးထွက်လာပြီ "
အမေဖြစ်သူမှာ ဓားထိသွားပြီပြောတာကြောင့် ကမန်းကတန်းပြေးသွားကာ လက်ကလေးကို ကိုင်လို့
" အွန်းး ငါ့ကလေးလေး လက်ထိသွားပြီ လာလာ ဘာလို့ဓားကိုင်နေတာလည်း ဘယ်တုန်းက ဓားကိုင်ဘူးလို့လည်း လုပ်ပါအုံးသွေးတွေများကြီးပဲ ယောကျားရေ လာအုံး ယောကျားရေ ဆေးသေတ္တာယူခဲ့ ဒီမှာ ကလေးလေး ဓားထိသွားလို့ "
" omma ခဏ သားချောကလပ်အိုး မီးပိတ်ပေးပါ တူးသွားမှာဆိုးလို့ "
အိမ်ရှေ့ဧည့်ခန်းထဲ လက်ညိုးလေးကို ထောင်ကာ ငိုနေတဲ့သားနဲ့ ထိုလက်ညိုးကို ပလာစတာကပ်ပေးဖို့ လက်တုန်နေတဲ့ အမေ..
ထိုသားမိနှစ်ယောက်ကိုကြည့်ပြီး စိတ်မရှည်တော့တဲ့ အဖေက ပဲ ပလာစတာဝင်ကပ်ပေးပြန်တော့ အနောက်ကနေ တချိန်လုံးသတိပေးနေတဲ့ အမေ..
"ယောကျားဖြေးဖြေးလုပ်နော် ကလေး နာသွားမယ် ယောကျား အရမ်းမတင်းနဲ့လေ "
"ဒီမိန်းမနဲ့တော့ နဲနဲကြပ်မှ သွေးတိတ်မှာပေါ့ မင်းမွေးထားတာ ယောကျားလေးနော် "
" ကျွန်မက မိန်းကလေးလိုချင်တာလေ "
"အဲ့တော့ မင်းသားကို မိန်းကလေးလို့သဘောထားပြီး ဘာအလုပ်မှ မခိုင်းနေရင်
ယောကျားသာပေးစားလိုက်တော့"" ဟုတ်တယ် ကျွန်မသားကို အလိုလိုက်ပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဖူးဖူးမှုတ်ထားနိုင်တဲ့ ယောကျားမျိုးနဲ့ပေးစားလိုက်မှာ "