14

3.8K 230 7
                                    

" ဦးဂျွန် ဘယ်သွားနေတာလည်း "

" တခုခုသွားစားမလို့လေ ဒီနေ့ ကလေးကိုအချိန်ပေးမလို့ပေါ့ ပြီးတော့ ဒီမျက်နှာလေးကို တချိန်လုံးထိုင်ကြည့်ချင်လို့ လွမ်းနေသေးတာ "

" ဦးဂျွန် သိပ်ပိုနော်"

Tae ဟာ မျက်နှာလေးမဲ့ကာ ပြောလိုက်တော့ ကားကိုလမ်းဘေးထိုးရပ်လိုက်တဲ့ Jungkook ကြောင့် Tae ဟာ ဘာများဖြစ်လို့​လည်းဆိုပြီး ဟိုကြည့်ဒီကြည့် လုပ်ပြီး Jungkook ကိုလှည့်ကြည့်လိုက်တော့..ကုတ်အကျီကို ကိုဆွဲဖြန့်ကာ ပြောလာတဲ့ Jungkook..

" ဒီရင်ထဲဝင်ကြည့်မလားကလေး ဦးဂျွန် ကလေးကို ဘယ်လောက်လွမ်းနေတယ်ဆိုတာ ရင်ထဲမှာ အပြည့်ဖြစ်ပြီး လျံကျလာလို့ ပါးစပ်ကခဏခဏ ထုတ်ပြောနေမိတာ ကလေးသိလား"

ဖွင့်ဟပြထားတဲ့ ရင်ခွင်ကျယ်ကြီးကို လက်သီးဆုတ်လေးနဲ့ထုလိုက်ပြီး မျက်နှာလေးထပ်မှန် မဲ့ပြလိုက်တော့ ..ရင်ဘက်နာသွားတဲ့ ပုံဟန်ဆောင်လိုက်တဲ့ Jungkook..

ရင်ဘက်ကိုဖိကာ ထိုင်ခုံကိုမှိလို့ အားအား နဲ့အော်နေတာကြောင့် Tae မှာသူလုပ်လိုက်တာ နာသွားလို့လားဆိုပြီး မျက်လုံးလေးပြုးကာ ပြာပြာသလဲ jungkook ဖိလို့ထားတဲ့ နေရာလေးကို သူလက်ကလေးနဲ့ ကိုင်ကာ စိတ်ပူစွာမေးရှာသည်..

" ဦးဂျွန် ဘာဖြစ်လို့လည်း ကလေးလုပ်တာနာသွားတာလား ဟင် ဦးဂျွန် "

" ဟုတ်တယ်ကလေး ရင်ထဲမှာ အချစ်တွေရော အလွမ်းတွေရော ပြည့်နေတော့ နည်းနည်းလေးဖိမိရင်တောင် နာနေတာ ဥုံဖွပြန်လုပ်ပေးမှ ပျောက်မှာ "

Tae မှာတော့ သူလုပ်လို့တကယ်နာသွားတယ်အထင်နဲ့စိတ်ပူလိုက်ရတာ ဟိုဘက်ကပြောလာတဲ့ စကားကြောင့် Tae မှာ အံ့ကိုကြိတ်ကာမျက်မှောင်လေးကျုတ်ပြလိုက်တော့ ပြုံးဖြီးဖြီး မျက်နှာကြီးနဲ့ တောင်းဆိုလာတဲ့ Jungkook..

" ဥုံဖွလုပ်ပေးပါလား ကလေး ဒီနားလေးကို "

ဘယ်ဘက်ရင်အုံံကို လက်ညိုးလေးနဲ့ထောက်ပြကာ တောင်းဆိုလို့နေတဲ့ Jungkook..Tae ကလည်းပြုံးစိစိမျက်နှာလေးဖြစ်လို့နေကာ ပြတင်းပေါက်ဘက်ကို မျက်နှာမှုလို့ ရှက်လို့နေသည်..သူသိတယ် မလုပ်ပေးမခြင်း ဒီနားကနေသွားမှာမဟုတ်ဘူးဆိုတာကိုပင်..

Baby ( complete) Where stories live. Discover now