20

3.7K 227 6
                                    

Tae ဟာ Jungkook ရဲ့ အဖေ ဖြစ်သူနဲ့ တွေ့ဖို့ Jungkook အဖေရှိရာ စံအိမ်တော်သို့ ပထမဆုံး အကြိမ် ရောက်ရှိလာခဲ့သည်..

စံအိမ်တော်ဟာ အရင်ဆို မိထွေးဖြစ်သူရဲ့ အိမ်စေတွေကို ခိုင်းနေကြ အသံကို အချိန်တိုင်းကြားနေရပြီး မိထွေးနဲ့ အဖေနဲ့ ရတဲ့ Tae နဲ့ ရွယ်တူ ကောင်မလေးရဲ့ အိမ်စေတွေကိုပြောဆိုနေသံကလည်းမကြားချင်မှအဆုံး..အဲ့ထက် အငယ်ကောင်ရဲ့တအိမ်လုံးပက်ဆော့နေတဲ့ အသံကိုလည်း ကြားနေရသည်..

အဲ့လိုမျက်စိနှောက်စရာတွေများတာကြောင့် Jungkook ဟာ အိမ်ခွဲနေခဲ့တာ အတော်ပင်ကြာခဲ့ပြီ.

တခါတရံ အလုပ်ကိစ္စရှိမှသာ လာတက်ပြီး ထမင်းစားဖို့ဆိုနာဝေးရော အလုပ်ပြီးတာနဲ့ပြန်သွားတက်သည်..

ဒီနေ့တော့ သူရဲ့ ချစ်သူလေးနဲ့ အဖေ ဖြစ်သူကို မိတ်ဆက်ပေးဖို့ခေါ်လာလို့သာ လာခဲ့ခြင်းဖြစ်သည်..

မိထွေးတွေနဲ့ မတွေ့ချင်ဘူးပြောထားတာကြောင့် အိမ်မှာရှိနေပေမယ့် အပြင်ထွက်မလာရဲကြ..
Jungkook ကိုလည်း မိထွေးဖြစ်သူက အရမ်းကြောက်ရသည်..

ဧည့်ခန်းမှာစောင့်လို့နေတဲ့ Jungkook ရဲ့ အဖေဖြစ်သူ ဥက္ကဋ္ဌကြီး Jeon ..သူတို့လာတာမြင်တော့ လက်ထဲက သတင်းစာကိုချကာ Jungkook အနောက်မှာ ကပ်ပါလာတဲ့ လူကောင်သေးသေးလေးကို အကဲခက်လို့နေသည်..Jungkook ဟာ ထိုင်ခုံနားရောက်တော့..

" အဖေ ဒါ ကလေး Kim Taehyung လို့ခေါ်တယ် ..ကလေး ဒါ ဦးဂျွန် အဖေ ဥက္ကဌကြီး Jeon Jungwoo.. "

" ဟုတ် ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ဥက္ကဋ္ဌ ကြီး ခင်ဗျ "

" အဖေ လို့ခေါ်လေ "

" ဗျာ"

" ငါ့သားရဲ့ကောင်လေး မဟုတ်လား ငါ့ကို အဖေလို့ခေါ်လေ "

" ဟုတ်ကဲ့ အ အဖေ "

" အင်းကောင်းပြီ ထိုင် "

Tae ရဲ့ Jungkook ရဲ့ ခန္တာကိုယ်နဲ့ ကွယ်ကာ ထိုင်လို့နေတော့ ဥက္ကဋ္ဌ ကြီး က သေချာမမြင်ရတာကြောင့် တဖက်ကိုပြောင်းထိုင်ဖို့ပြောလိုက်သည်..

" ငါ့ သားမက် ဒီဘက်ကိုလာထိုင် "

" အဖေ ကလေး စိတ်ရှုပ်အောင်မလုပ်ပါနဲ့ "

Baby ( complete) Where stories live. Discover now