ခွဲခန်းရှေ့ ထိုင်ခုံလေးမှာ လက်နှစ်ဖက်ကို စုကိုင်လို့ ဆုတောင်းတွေသာအကြိမ်ကြိမ်တောင်းနေမိတဲ့ အမေဖြစ်သူ..
အဖေဖြစ်သူကလည်း အလုပ်ကိစ္စနဲ့ ဂျပန်သို့ခဏသွားနေခြင်းကြောင့် ညနေ flight နဲ့သာပြန်လာနိုင်မည်..အနီးအနားအားကိုးစရာဆိုလို့ သားသူငယ်ချင်းနှစ်ယောက်သာရှိတာကြောင့် Tae omma မှာ တခုခုဆို Hobi နဲ့ Jimin သာ အကြောင်း ကြားရတော့သည်..
Tae အတွက်သာဆို လုပ်နေတဲ့အလုပ်ကိုတောင်ပြစ်ထားခဲ့ပြီး အမြဲအပြေးရောက်လာတက်တဲ့ သူငယ်ချင်းကောင်းနှစ်ယောက် ..ခုလည်း အပြေးရှေ့ဆင့်နောက်ဆင့်ရောက်ချလာပြန်တယ်..
ခွဲစိတ်ခန်းရှေ့ ထိုင်စောင့်လို့နေတဲ့ Tae omma နားအရောက် omma ရှေ့ ဒူးထောက်ထိုင်လိုက်ကြကာ..
" omma ဘယ်လိုဖြစ်ရတာလည်း "
" သား သား ဟင့် သားတို့သူငယ်ချင်းက အိမ်ဆေးတွေ အများကြီးသောက်လိုက်လို့ ဟင့်"
" ဘယ်လို ဟာကွာ Tae ရာ "
"သောက်တာဘယ်လောက်ကြာသွားလည်း သိလား omma "
" omma အပြင်သွားနေတုန်းဖြစ်သွားတာ ဒီလိုလုပ်လိမ့်မယ်လို့မထင်ထားခဲ့ဘူးသားရယ် omma သားလေး omma သားလေး ဟင့် ဘယ်လောက်တောက်ခံစားနေရလို့လည်း ဒီလိုလုပ်ဖို့တောင်တွေးရတာလည်း "
Jimin ဟာ Tae omma ကို ထကာ ဖတ်ထားပေးလို့ နှစ်သိမ့်ပေးရှာသည်..Hobi ကလည်း လက်ကလေးကို ကိုင်ကာထားသည်..
အချိန်တော်တော်ကြာမှ ခွဲစိတ်တံခါးပွင့်လာကာ Doctor ထွက်လာချိန်မှာတော့ ..
" Doctor သားလေး အခြေအနေ "
" အချိန်မှီရောက်လာတယ်လို့ပဲပြောရတော့မှာပေါ့ ကလေး ကတော်တော်လေးကံကောင်းသွားတယ် ခုတော့ အစာအိမ်ထဲမှာရော အူလမ်းကြောင်းတလျှောက်ပါ အကုန်ရှင်းလင်းသွားပြီ..
ဆေးအရှိန်ရှိသေးတာကြောင့် သတိတော့ရသေးမှာ မဟုတ်ဘူး ကလေးကို ဂရုစိုက်ကြပါ ဒီလိုအရွယ်မှာ ဒီလိုအခက်အခဲနဲ့ကြုံနေရတာက သူအတွက်လုံးဝအဆင်ပြေနေမှာမဟုတ်ဘူး
စိတ်ရှိတိုင်း စိတ်ထွက်ပေါက်အနေနဲ့လုပ်သွားနိုင်တယ် ကိုယ်ခံအားရှိနေလို့ပေါ့ မဟုတ်ရင် ဒီလောက်သောက်ထားတဲ့ ဆေးပမာဏနဲ့ဆို အရေးပေါ်ကားတောင်မှီလိုက်မှာမဟုတ်ဘူး ကလေးက စိတ်ဓာတ်အရမ်းကျနေတဲ့ပုံပဲ ကြိုးစားပြီး ပျော်ရွှင်အောင်ထားပေးပါ "