ဟိုတနေ့က ကိစ္စကြောင့် နှစ်ယောက်ကြားနားလည်မှုရှိဖို့ကအရေးကြီးဆုံးဆိုတာ လူကြီးတယောက်အနေနဲ့ Jungkook က အစောထဲက နားလည်ပေမယ့် ကလေးတယောက်ဖြစ်တဲ့ Tae က သိပ်တော့နားလည်မည်မဟုတ်..
အိမ်မှာလည်း အလိုလိုက်ခံအချစ်ခံလေးဖြစ်တာကြောင့် ဘာမဆို သူသာလျှင်ပဲ ဖြစ်ချင်တာတွေရှိလို့နေသည်..ဒါကြောင့်လည်း ကိစ္စတခုကို အတွေးများပြီး ဆုံးဖြတ်လိုက်တာကြောင့် သူ့နဲ့ လမ်းခွဲဖို့ထိပါပြောလာခြင်းဖြစ်သည်..
ခုတော့နှစ်ယောက်သား နားလည်မှုအပြည့်အဝယူကာ ပိုပြီးအချစ်တွေခိုင်မာလာဖို့အတွက်ရယ်..သူ့ ဘယ်လောက်ချစ်လည်းဆိုတာ သိစေချင်တာရယ်ကြောင့် Jungkook မှာ တနေ့တခြားကြိုးစားလို့နေရသည်..မထင်ရင်မထင်သလို စိတ်ကောက်တက်ပြီး လမ်းခွဲဖို့ပဲ ပြောတက်တဲ့ ကလေးလေးကိုလည်း သူမှာအချစ်ပိုရသေးသည်..
so i'll tell you..
" Hello.. "
အိပ်ယာထဲကတောင်မထွက်ရသေးတဲ့ အသံလေးနဲ့ထူးလိုက်တဲ့ Tae..ကျောင်းပိတ်ရက်ကြောင့်အပီအပြင်အိပ်ဖို့စဥ်းစားထားတာကို စောစောစီးစီးဖုန်းဆက်တာကြောင့် မကိုင်ချင်ကိုင်ချင်နဲ့ကိုင်လိုက်ရသည်..
" ကလေး အိပ်တုန်းလား "
" ဟုတ်တယ် ဦးဂျွန်ကလည်း ဘာလို့အစောကြီးဖုန်းဆက်တာလည်း "
" ဦးဂျွန်က ကလေး အိမ်ရှေ့ရောက်နေပြီ "
ချက်ချင်းပဲ အိပ်ယာထဲက ကုန်းထလိုက်တဲ့ Tae.. ဝရံတာကိုပြေးထွက်သွားကာ လှန်းကြည့်လိုက်တော့ ကားကိုမှီကာ သူ့ကိုလက်လှန်းပြလို့နေသည်...
အိမ်ရှေ့မှာရောက်နေတာကြောင့် နာရီကိုကြည့်လိုက်တော့ အဖေဖြစ်သူ အလုပ်သွားတော့မယ့်အချိန်နဲ့ ကွက်တိ...
" ဦး ဦးဂျွန် ကားထဲဝင်နေ အခုချက်ချင်း ကားထဲဝင်နေ appa appa အလုပ်သွားတော့မယ် ဝင်နေ "
" ဘာဖြစ်လည်း ယောက္ခထီးကို နှုတ်ဆက်လိုက်မှာပေါ့ ဒါမှ မဟုတ် အိမ်ထဲဝင်လာရမလား "
" ဦးဂျွန်နော် "
" ကောင်းပြီ ဝင်လာခဲ့မယ် "
