ဧည့်ခန်းမှာ အမေဖြစ်သူနဲ့ TV ကြည့်နေတုန်း ဇာတ်လမ်းတွဲထဲက မင်းသမီးက သူ့ကောင်လေးကို ပေးဖို့လက်ဆောင်ပြင်ဆင်နေတာလည်း မြင်ရော Tae တယောက် အကြံတခုရလို့သွားတာကြောင့် ချက်ချင်းပင်အကောင်အထည်ဖော်ရန် ထလိုက်သည်..
Tae pov.ဦးဂျွန်က မနက်ဖြန် ဂျပန်ကပြန်လာမှာဆိုတော့ ဟုတ်ပြီ ဟီးဟီး..
" omma သား လမ်းထိပ်က market ကိုခဏသွားလိုက်အုံးမယ် "
" ဟဲ့ ကလေးလေး ဘာလို့လည်း မိုးချုပ်နေပြီလေ"
"ခဏပဲခဏပဲ ဝယ်စရာရှိလို့ သွားပြီ omma "
"ဒီကလေးနဲ့တော့ Tv ကြည့်နေတာအကောင်း "
Tae တယောက်လမ်းထိပ်က market ကလေးကို ထွက်လာခဲ့ပြီး လိုအပ်တာလေးတွေဝယ်လို့ခက်သုတ်သုတ်ပဲ အိမ်ပြန်လာခဲ့လိုက်သည်..
အိမ်ရှေ့နဲ့မလှမ်းမကန်းနားမှာရပ်လို့ထားတဲ့ကားတစီးကြောင့် Tae ဟာအနောက်ကိုလုံးဝလှည့်မကြည့်ပဲ ပို၍ မြန်ဆန်သောခြေလှမ်းတို့ဖြင့် မပြေးယုံတမယ်လျှောက်လာကာ ထိုကားနားကဖြတ်လျှောက်လာခဲ့ပြီး အိမ်ရှေ့နားအရောက်မှာ အနောက်ကခေါ်လိုက်တဲ့အသံ..
"ကလေး "
မနက်ဖြန်မှပြန်ရောက်မယ်ဆိုတဲ့သူက ခုသူကိုခေါ်နေတာကြောင့် အံ့သြကာလှည့်ကြည့်လိုက်တော့သူ့ကိုပြုံးပြလို့နေတဲ့ Jungkook..
"ဦးဂျွန် "
ဦးဂျွန်လို့ခေါ်ကာ ပြေးဖတ်လိုက်တဲ့ Tae..ရင်ခွင်ထဲပြေးဝင်လာတဲ့ ခန္တာကိုယ်သေးသေးလေးကို တင်းကြပ်နေအောင်ပြန်ဖတ်လို့ထားကာ သုံးရက်တာ အလွမ်းကို အတိုးရော အရင်းရော ပေါင်းကာဖတ်လို့ထားကြသည်..ရင်ခွင်ထဲကနေထွက်ကာ Jungkook ကို မော့ကာကြည့်တော့ ပခုံးလေးကိုကိုင်ကာ..
" မိုးချုပ်နေတာကို ဘယ်ကိုသွားပြီးပြန်လာတာလည်း ကလေး "
" ဦးဂျွန် မနက်ဖြန်မှ ပြန်လာမှာဆို ပြီးတော့ကားက "
" ကလေး ကို လွမ်းလို့ ညမအိပ်တော့ပဲ ချက်ချင်းပြန်လာတာ ကားကတော့ နောက်တစီးပေါ့ "
" ကလေး က လည်း ဦးဂျွန်ကို လွမ်းနေတာ "
"ဘာတွေသွားဝယ်တာလည်းကလေး "