ညနေကမှ လေယာဥ်နဲ့ထွက်လာကြောင့် ညဘက်ရောက်တော့ လုပ်စရာအလုပ်ကမရှိသေး ရှိလည်း မလုပ်သေး ကွန်ပျူတာကိုဖွင့်ကာ Tae စီ vd call ခေါ်လိုက်သည်..
တီ တီ တီ တီ
" ကလေး ဘာလုပ်နေတာလည်း "
" ကလေးစာလုပ်နေတာ ဦးဂျွန် "
" ဦးဂျွန် ခုဏမှရောက်တာ ရေမိုးချိုးပြီးတာနဲ့ ကလေးကိုလွမ်းလာလို့ "
" ကလေးကလည်းလွမ်းနေတာ "
" ကလေး စောစော အိပ်အုံးနော် ပြီးတော့ နောက်ရက်တွေ ဦးဂျွန် ခုလိုညပိုင်းပဲဖုန်းခေါ်မယ်နော်ကလေး "
" ဟုတ် ဦးဂျွန် ဒါဆို ဒါပဲနော် လွမ်းနေသေးပေမယ့် ကလေးစာမေးပွဲနီးနေပြီဦးဂျွန် စာလုပ်ရအုံးမှာမို့လို့နော် "
" လွမ်းနေတယ်ဆိုတာလေးနဲ့တင် ရပါပြီကလေးလေးရယ် ချစ်တယ်ကလေး "
" ချစ်တယ် ဦးဂျွန် "
yg " ငါ ညတိုင်း မင်း vd call ပြီးမှ အခန်းထဲဝင်လာတော့မယ် သိလား Jungkook "
" မင်းကလည်းကွာ ငါမှာ ဒီချိန်လေးပဲ အလွမ်းဖြေရတာကို "
" ခုဏ အချိန်ပိုင်းလောက်လေးကမှ တွေ့ခဲ့တာလေကွာ မလွန်ဘူးလားမင်းဟာက "
" လိုတောင်လိုနေသေးတယ်ထင်တာ ငါက"
" အိပ်ပြီ "
....
မနက်ကျောင်းသို့လာထဲက မျက်နှာမရွှင်မလန်းနဲ့ Tae..ကန်တင်းမှာ စောင့်လို့နေတဲ့ သူငယ်ချင်းနှစ်ယောက်ရှေ့ဝင်ထိုင်လိုက်ပြီး လွယ်ထားတဲ့ လွယ်အိတ်ကို ခုံပေါ်ပြစ်ချကာ စားပွဲပေါ် လက်ကိုဆန့်လို့ခေါင်းလေးစောင်းကာလှဲအိပ်လိုက်သည်..
"ရုပ်က ဘာဖြစ် "
"ဦးဂျွန် ကို လွမ်းလို့ မနက်တိုင်းကျောင်းလိုက်ပို့နေကျ ခုတော့တခုခုလိုနေသလိုကြီး "
"တော်ယုံပဲကောင်းတယ်နော် "
" မင်းတို့မှ မခံစားဘူးတာ ဘယ်ကိုယ်ချင်းစာတက်မလည်း ငါ တကယ်လွမ်းနေတာပါဆို "
" ဟိုက ဖုန်းမဆက်ဘူးလား"
"တနေ့ကုန် အလုပ်ထဲရောက်နေလို့ ညဘက်မှဆက်မှာတဲ့ ငါတနေကုန်ဘယ်လိုစိတ်နဲ့နေရမလည်းလို့ "