တနေ့ အိမ်အနီးအနားလမ်းထိပ်မှာဖွင့်လို့ထားတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ ကော်ဖီဆိုင်လေးကနေတယောက်ထဲ ပြန်လာခဲ့သည်..
"Tae ဖြစ်လို့လား ဦးလေးကြီးကို လှမ်းခေါ်လိုက်မယ် "
" ဖြစ်ပါတယ် အရင်ကလည်းပြန်ဘူးနေတာပဲကို ရတယ် jimin "
"ရှည်တယ် ငါလိုက်ပို့မယ် "
"ရပါတယ်ဆို Hobi ရာ ငါလုပ်နိုင်ပါတယ်ကွ "
" တခုခုဆို ဖုန်းဆက်လိုက်ကြားလား "
" အင်း "
"အိမ်ပြန်ရောက်ရင်လည်း ရောက်ကြောင်းဆက်အုံး "
"အင်းး"
တယောက်ထဲ တိတ်ဆိတ်တဲ့ ရပ်ကွက်ရဲ့ လမ်းလေးထဲ လျှောက်လို့လာခဲ့သည်..လူချမ်းသာရပ်ကွက်ဖြစ်တာကြောင့် ခုလိုလမ်းလျှောက်သူက သူ့အပြင် တယောက်နှစ်ယောက်သာ ရှိသည်..
တဖြေးဖြေး ပြန်နေကြလမ်းအတိုင်းပြန်လာခဲ့ပေ
မယ့် လမ်းအချိုးတခုမှာ စက်ဘီးတစီးနဲ့တိုက်မိမလိုဖြစ်သွားတာကြောင့် စက်ဘီးသမားကတော့ရှောင်လို့သွားပေမယ့် သူကတော့ ဘာမှမမြင်ရပေမယ့် ဘရိတ်သံကြောင့် အနည်းငယ်လန့်သွားကာ လမ်းချိုးကို ဘယ်နဲ့ညာနဲ့မှားလို့သွားပြီး လျှောက်လာကာ လမ်းမှားသွားတာကြောင့် သူပြန်နေကြလမ်းက လှေကားထစ်သေးသေးတခု မရှိ ဒီဘက်လမ်းမှာက လှေကားထစ်သေးသေးလေးရှိလို့နေသည်..ပုံမှန်တိုင်းအထင်နဲ့လျှောက်လိုက်ချိန် သုံးထစ်လောက်ရှိတဲ့ လှေကားလေကနေခြေချော်လို့ကြသွားခဲ့သည်.." အားး နာလိုက်တာ ဘယ်လိုဖြစ်လို့ လှေကားကရှိနေတာလည်း ငါ ငါလမ်းမှားသွားတာလား ဒီနားမှာ တယောက်ယောက်များရှိလား.. ဘာသံမှလည်း မကြားရဘူး "
ကိုယ့်ဘာသာ အားပြုကာပြန်ထပေမယ့် ခြေထောက်ကာ ထောက်လို့ပင်မရ တော်တော်လေးနာလို့နေ သည်..
မရတော့တဲ့ အဆုံး သူငယ်ချင်းတွေစီဖုန်းဆက်ဖို့ထုတ်လိုက်ကာ Jimin ဆို တဲ့ name လေးကို နိုပ်လိုက်သည်..ဒါပေမယ့် ရှေ့ဆင့်နောက်ဆင့်ရေးထားတဲ့ U Jeon ဆိုတဲ့ နာမည်လေးကို ချော်ထိသွားတယ်ဆိုတာကိုတော့ Taehyung မသိလိုက်..
