မနက်စောစော အလုပ်ကိုရောက်ချလာတာ
ကြောင့် အတွင်းရေးမှုး မှာပြာယာခက်လို့သွားသည်..ပုံမှန် 9:00 အတိမှရောက်တက်တဲ့ သူဌေးက 8 နာရီထဲကရောက်လာတာကြောင့် အတွင်းရေးမှုး Suwon တယောက် ဗျာများရပြီလေ.." သူဌေး အစောကြီးပဲ "
" ဘာလည်းမလာရဘူးလား "
" မဟုတ်ပါဘူး သူဌေး "
"coffee ဖျော်ခဲ့ ပြီးတော့ မန်နေဂျာ Yoongi ရောက်ပြီလား မေးကြည့် ရောက်ရင် မနေ့က စာရင်းချုပ်တွေလာပို့ဖို့ပြောလိုက် ခု ချက် ချင်း "
သူဌေးရဲ့ ခုချက်ချင်းဆိုသိမှာ စက္ကန့်ပိုင်းတွင်းတောင်လိုချင်တာမျိုး.. ဒါကိုသိနေတဲ့ အတွင်းရေးမှုးမှာတော့ ချက်ချင်းဆိုသလိုပင်ဖုန်းကိုကောက်ကိုင်ကာ မန်နေဂျာ ရုံးခန်းသို့ ဖုန်းဆက် စာရင်းတွေလာပို့ဖို့ပြောပြီလေ...
အမြဲ အလုပ်လာတိုင်းအိပ်ချင်နေတဲ့ မန်နေဂျာ Yoongi သူငယ်ချင်းအရင်းကြီးဖြစ်နေတာ
ကြောင့်သာ သီးခံနေတဲ့ Jungkook..အားအားရှိမျက်လုံးပေါက်ကမပွင့် အချိန်နဲနဲလောက်ပေးကာအိပ်ခိုင်းလိုက်ရင်တော့ အလုပ်ကို အလုပ်နဲ့တူအောင်တော့ လုပ်တက်သည်..အဲ့တာလေးတခုကြောင့်လည်း Jungkook မှာ စိတ်ရှည်နေရသည်..
စာရင်းတွေချုပ်ရင်း အိမ်ငိုက်နေတဲ့ yoongi သွားစရာရှိလို့ အလုပ်ကိုစောစောလာကာ သွား
မယ့်ချိန်ကို အလန်းပေးလို့ထားတဲ့ Jungkook..9:30 လောက်မှာ အလန်းထမြည်လာတာကြောင့် အိပ်ငိုက်နေတဲ့ yoongi မှာ လန့်သွားကာ ဆိုဖာကနေတောင်ပြုတ်ကြသည်..
" ဟေ့ရောင် လန့်လိုက်တာကွာ အလန်းကဘာလို့ပေးတာလည်း "
အလန်းမြည်တာနဲ့ လက်ထဲက စာရွက်တွေကို ပစ်ချကာ ကုတ်အကျီကိုကောက်ဝတ်နေတဲ့ Jungkook..yoongi မေးလာတဲ့ချိန်မှာတော့..
"ငါ ချိန်းထားတာရှိလို့ နောက်ကျလို့မဖြစ်ဘူး "
" ဟေ့ရောင် ရည်းစားရနေတာလား "
"ပေါက်ကရတွေပြောမနေနဲ့ "
" မင်းပုံစံက အဲ့လိုဖြစ်နေတယ်လေ "
" ကိစ္စလေးရှိလို့ကွာ သွားပြီး ကျန်တာဆက်လုပ်ထားလို့ မလုပ်ချင်လည်းအိပ်နေတော့ကွာ ငါသွားပြီ "