ဒီနေ့နဲ့ဆို Tae ကို သူမတွေ့ရတာ တပတ်ကျော်လို့သွားပြီ ..ခြေထောက်သက်သာသွားပြီထဲက သူနဲ့ Tae ဟာ ဆက်တွေ့စရာအကြောင်းမရှိတော့တာကြောင့် မတွေ့ဖြစ်ကြတော့..
ဘာလို့မှန်းမသိ ထိုကလေးလေးကို သူထပ်တွေ့ချင်သေးသည်..နောက်ဆုံးတခေါက်ဆေးခန်းပြပေးပြီးတော့ Tae က သူအိမ်သာလိုက်ပို့ခိုင်းတာကြောင့် Tae ရဲ့ အိမ်ကိုသူသိနေပေမယ့် ဘယ်လိုနည်းနဲ့ သွားတွေ့ရမလည်းစဥ်းစားမရ..
ရုံးခန်းထဲ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေတဲ့သူငယ်ချင်းဖြစ်သူကို Yoongi မျက်စိနှောက်လို့လာသည်..
တသက်နဲ့တကိုယ် ပေါင်းလာတာ မွေးကထဲကလို့ပြောရင်တောင်မမှား..ခုလို ယောက်ယက်ခက်နေတာမျိုးသူမမြင်ဘူးခဲ့..ငယ်ငယ် ကရည်းစားထားတုန်းကတောင် အဲ့လောက်ယောက်ယက်မခက် ခုက ဂဏာကိုမငြိမ်တော့တာ..အသက်ကြီးမှ ရည်းစားထက်ရနေတာလားလို့လည်းသိချင်ပြန်တယ်..
" ဟေ့ရောင် ဘာဖြစ်နေတာလည်း "
" Yoongi လူတယောက်ကိုတွေ့ချင်လို့ကွာ အဲ့တာဘယ်လိုလုပ်ရမလည်း "
" သွားတွေ့လိုက်ပေါ့ "
" ဒီတိုင်းကြီးသွားတွေ့ဖို့မလွယ်လို့ပေါ့ကွ "
" ဘယ်သူလည်း ဘယ် GP ရဲ့ သမီးလည်း ငါတွေ့လို့ရအောင်စီစဥ်ပေးမယ် "
" မဟုတ်ဘူး အခြားက "
" ဒါဆိုလည်း သူ့ရှိတဲ့နေရာကိုသွားလိုက်ပေါ့ကွာ "
" အဲ့လိုကြီးကျရုပ်ပေါက်နေမလား "
" တွေ့ချင်ရင်တော့ ရုပ်ပေါက်လည်းသွားတွေ့လေ မဟုတ်ရင်တော့ မတွေ့နဲ့ပေါ့ "
အကြံအဉာဏ်အပေးတော်တဲ့ သူငယ်ချင်း
ကြောင့် Jungkook မှာ Yoongi ပြောတာလည်းဟုတ်နေတာပဲလေဆိုပြီး.ထပ်မှန်သူစဥ်းစားပြန်တယ် နောက်ဆုံးမှာတော့ ကုတ်အကျီကို ယူကာ ထွက်လာခဲ့တော့သည်..ကျောင်းနဲ့ အနီးနားက အအေးဆိုင်လေးတခုနား ကားကိုရပ်ကာ ယောက်လည်လည်နဲ့ ဟိုကြည့်ဒီ
ကြည့်ကာ အအေးဆိုင်ထဲဝင်လို့သွားတဲ့ Jungkook..ကျောင်းဆင်းချိန်လည်းဖြစ်သလို သူနဲ့ပထမဆုံးတွေ့တုန်းကလည်း အဲ့ အအေးဆိုင်က အအေးသောက်ရင်း ကားနဲ့ဝင်တိုက်မိတာကြောင့် အအေးတွေမှောက်ဘူးတာကြောင့်လည်းဖြစ်သည်..