YG " Jungkook မင်းကိုကြည့်ရတာ ဒီရက်တိုင်း အရမ်းပျော်နေတယ်ထင်တယ် မင်း မျက်နှာက အရမ်းသိသာနေတယ် ဝန်ထမ်းတွေလည်း တော်တော်ပြောနေကြတယ် မဟုတ်မှလွဲလို့
မင်းးး ကောင်မလေးရနေပြီလား "Yoongi အမေးကို ဘာမှပြန်မဖြေပဲ ပြုံးလို့နေတဲ့ Jungkook.. ကောင်မလေးလည်းသူမှာမရှ်ိသလို..သူသဘောကျမိတာကလည်း ကောင်မလေးတယောက်ဟုတ်မနေတာကြောင့် ပြုံးသာပြလိုက်သည်..
Yg " မင်း yoona ကို မေ့နိုင်သွားပြီပေါ့ ကောင်းတယ် သူငယ်ချင်း "
Yoongi က Jungkook ရဲ့ ပခုံးကိုပုတ်ကာထွက်လို့သွားသည်..သူ့အတွေးထဲပြန်ရောက်လာတာက တချိန်က သူသိပ်ချစ်ရတဲ့ မိန်းကလေး..
သူ့အချစ်နဲ့ ငွေမှာ ငွေကိုသာရွေးချယ်သွားတဲ့ မိန်းကလေး..သိပ်ချစ်ပါတယ်ပြောပြီး နောက်ဆုံးတော့ငွေမျက်နှာ တခုထဲကိုသာ ကြည့်သွားတဲ့ မိန်းကလေး..
yoona ဟာ အလွန်ဆင်းရဲတာကြောင့် မိသားစုနဲ့ အတိုက်အခံလုပ်ကာ ထိုမိန်းကလေးကို သူ့အချစ်တွေအပြည့်အဝပေးခဲ့တာ..သို့သော်ပြန်ရလိုက်တာက ငွေကြောင့်လမ်ဲဲးခွဲခြင်းတဲ့..
သူလုံးဝမမေ့နိုင်ခဲ့ဘူး အလူးအလဲခံစားခဲ့ရတာ သေမတက်ပဲ.ဒါကို သူငယ်ချင်းတွေအသိ.အသက် 20 ကျော် လူငယ်တယောက်က အချစ်ကြောင့် အလဲလဲ အပြိုပြိုကိုဖြစ်ခဲ့တာ.သူငယ်ချင်းတွေရဲ့ အားပေးမှုကြောင့် ခုချိန်မှာအောင်မြင်တဲ့ လုပ်ငန်းစုကြီးကို ဦးဆိုင်နိုင်တဲ့ အမွှေဆက်ခံသူ တယောက်အဖြစ်ရှိနေနိုင်ခဲ့တာ..
အရာရာမေ့ပျောက်လို့ထားပြီး တယောက်ထဲသာ ရှင်သန်နေချိန်မှာ ထပ်မှန်အချစ်ဆိုတာကသူစီဝင်ရောက်လာခဲ့သည်..ဒါကလည်းသိပ်ကိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုး..
ဒုတိယအကြိမ် အချစ်ကိုပြန်လည်တွေ့ရှိချိန်မှာ ရင်ခုန်သံတွေနိုးထလာခဲ့တာက ကလေး ကြောင့်ဆိုတာ Jungkook ကောင်းကောင်းသိသည်...
သူအတွေးတွေထဲမျောနေချိန်ဝင်လာတဲ့ ဖုန်းနံပါတ်အစိမ်းတလုံး ဘယ်သူဘယ်ဝါမှန်းမသိတာကြောင့် မကိုင်ဘူးထားချင်ပေမယ့် Tae များလာဆိုတဲ့ စိတ်နဲ့ ကိုင်လိုက်မိတယ်..
