Jungkook မှာ ဂျပန်ရောက်တာနဲ့ သူ့ ကလေးစီဖုန်းဆက်ပေမယ့် Tae ကလည်းကျောင်းတက်နေရတာကြောင့်မကိုင်နိုင်..
တချိန်လုံး အလုပ်သာလုပ်နေရတာ အားတာနဲ့ ဖုန်းတဆက်ဆက်ဖြင့်သာ..နေ့လည်နောက်ပိုင်းမှာ အလုပ်တွေဇယ်ဆက်နေတာကြောင့် သူမှာ ထပ်မှန်ဖုန်းတောင်မခေါ်နိုင်တော့..
ကျောင်းချိန်ပြီးလို့ဖုန်းထုတ်ကြည့်လိုက်တော့ Jungkook ခေါ်ထားတဲ့ ဖုန်းcall ကမနည်း..သူလည်းပြန်ခေါ်လို့အဆင်မပြေတာကြောင့် ပြန်မခေါ်ဖြစ်တော့..
တနေ့ကုန်အလုပ်ထဲသာ အာရုံရောက်နေပြီး လုပ်စရာတွေအားလုံးအပြီးမှာ Hotel သို့ပြန်ရောက်ချိန်က ည 9 နာရီကျော်လို့နေပြီ..
တဖက်မှာကလည်း ည vd call ခေါ်မယ်ပြောထားတာကြောင့် Lattop ဖွင့်ကာ အခန်းထဲ ထိုင်ရမလို ထရမလိုဖြစ်လို့နေသည် Tae..
တဖြေးဖြေး မိုးချုပ်လာတော့ အိပ်ချင်တဲ့စိတ်က စိုးမိုးလို့လာသည်..အရင်ဆို ဒီလိုအချိန်က အိပ်နေကြမဟုတ်ပေမယ့် မနေ့ကစာလုပ်ရင်းညနက်သလို ကျောင်းမှာလည်း စာတန်းအတွက်အာရုံစိုက်နေရတာကြောင့် ပင်ပန်းကာအိပ်ချင်နေပြီ..
အိပ်ယာပေါ် Laptop လေးတင်လို့ လှဲကာ စောင်လေးခြုံရင်းစောင့်လို့နေတဲ့ Tae..ပြန်ရောက်ထဲကညစာတောင်မစားနိုင်ရေမိုးချိုးကာ Lattop ရှေ့ရောက်နေပြီဖြစ်တဲ့ Jungkook..
တခန်းထဲ တူတူနေတဲ့ Yoongi မှာတော့ ညစာကို Hotel ကနေသာမှာစားပြီး အိပ်ယာဝင်ဖို့သာပြင်ဆင်နေတော့သည်..ဒီအချိန် သူဘာပြောပြောနားထဲ ဝင်မှာမဟုတ်တော့တဲ့ တစုံတယောက်ကရှိလို့နေလို့လေ..
တီတီတီတီ..
ခေါ်နေပေမယ့် တော်တော်နဲ့မကိုင်တဲ့ Tae ကြောင့် Jungkook မှာ မရှိလို့များလား အိပ်များပျော်သွားပြီလားလို့တွေးကာ ဖုန်းကိုလည်းဆက်ပြန်တယ်..
ဆက်တဲ့ဖုန်းလည်းမကိုင် vd call လည်းမကိုင်
ကြောင့် နောက်ဆုံးတခေါက်အနေနဲ့ ခေါ်မယ်ဆိုပြီးနိုပ်လိုက်တော့ ကျခါနီးလောက်မှသာ ကိုင်လိုက်တဲ့ Tae..စောင်ပုံထဲမှာလှဲကာ မျက်လုံးမပွင့်သေးတဲ့ ကောင်လေး.." ကလေး အိပ်နေပြီလား "
" ဦးဂျွန်က ကြာလိုက်တာ ကလေး ကစောင့်နေတာကြာလှပြီ.."
