" Kim Taehyung နင့်ကိုဘာပြောထားလည်း "
" omma သားတောင်းပန်ပါတယ် ဦးဂျွန်ကို စိတ်မဆိုးပါနဲ့ ဦးဂျွန် မှားတာမှမဟုတ်ဘူး သားအမှားကြောင့်ပါ သားအမှားကြောင့်လို့ "
" ပါးစပ်ပိတ်ထား ဘာမှ မကြားချင်ဘူး သွား အိမ်ပေါ်ထပ်တက်တော့ "
Tae လည်းအိမ်ပေါ်ကိုတပ်လို့သွားကာ မမြင်ရဘူးဆိုရင်တောင် သူ့ကိုတော့ Jungkook က စောင့်နေမှာပဲလေ ဆိုတဲ့ အတွေးနဲ့ အိမ်ရှေ့ဝရံတာသို့ထွက်လိုက်သည်..လက်ထဲကဖုန်းလေးကိုထုတ်လိုက်ချိန်မှာပဲ မြည်လို့လာတဲ့ ဖုန်းသံကြောင့် ဖုန်းလေးကိုကိုင်လိုက်သည်..
" ကလေး "
" ဦးဂျွန် မပြန်သေးဘူးမဟုတ်လား "
" ကလေးထွက်လာမလားဆိုပြီးစောင့်နေတာ "
" ဦးဂျွန် omma ကို စိတ်မဆိုးပါနဲ့နော် "
" ဟင့်အင်း ကလေးဆူခံရမှာပဲစိတ်ပူတာ ဆူခံရသေးတယ်မဟုတ်လား "
" ဟုတ် ဆူခံရတယ် ဒါပေမယ့်ဘာမှမဖြစ်ပါဘူး "
" ကလေး "
" ဗျာ ဦးဂျွန် "
" တွေ့ချင်တယ် ဒါပေမယ့် ကလေးခက်ခဲမယ်ဆိုတာ ဦးဂျွန်သိတယ် မတောင်းဆိုရက်ဘူး ဒါပေ
မယ့် တွေ့ချင်သေးတယ် ကလေး "" ခု အခြေအနေဆို omma က ကလေးကို အလွှတ်ပေးတော့မှာမဟုတ်ဘူး အရင်လိုတယောက်ထဲ လျှောက်သွားလို့တောင်မရတော့ဘူး ဦးဂျွန် "
"ဦးဂျွန်ကြောင့် "
" မပြောနဲ့ ဦးဂျွန်ကြောင့်မဟုတ်ဘူး "
" ကလေး "
" ဟုတ် "
" ဦးဂျွန်ကို အရင်လိုချစ်သေးရဲ့လား "
" ချစ်တယ် အရမ်းချစ်တယ် ကလေးစီပြန်လာမယ့်နေ့ကိုအချိန်တိုင်းစောင့်နေခဲ့တာ ကလေး အမှားကိုလည်းတောင်းပန်ချင်ခဲ့တာ အဖြစ်အပျက်တွေအားလုံးကိုလည်း ရှင်းပြချင်ခဲ့တာ... ပြီးတော့ ပြီးတော့ ဦးဂျွန်ကိုအရမ်းတွေ့ချင်တယ် ဒါပေမယ့်.."
" ကလေး မျက်စိပြန်ခွဲစိတ်ဖို့လုပ်ကြရအောင်နော် "
" ဟင် ဦးဂျွန် "
