22

3.2K 204 5
                                    

တင်းတောင်....

" ဘယ်သူပါလည် "

" ကလေးလား ဦးဂျွန်ပါ "

" ဟင် ဦးဂျွန် "

Tae ဟာ အိမ်ရှေ့ဘဲလ်သံကြောင့်ဘယ်သူလည်းလို့မေးလိုက်တော့ သူ့ဦးဂျွန်လည်းဆိုရော ချက်ချင်းပဲ ခြံထဲပြေးဆင်းသွားကာ တံခါးဖွင့်ပေးလိုက်တော့သည်..

" ဦးဂျွန် ကလေးစီလည်းဖုန်းမဆက်ဘူး "

သူရှေ့မှာ အညိုရောင် ညဝတ်ဝတ်စုံဝမ်းဆက်လေးနဲ့ ဝက်ဝံလုံးလေးသဖွယ် စီးထားတဲ့ အိမ်နေရင်းကတ္တီပါ ဖိနပ်လေးကလည်း အညိုရောင်အ​မွှေးပွလေးကိုမှာဝက်ဝံရုပ်လေးနဲ့ တကယ်ကိုမှ ကလေးပေါက်လေးလို..သူရှေ့က အညိုလုံးလေးက သူ့ကိုယ်ဖုန်းကြိုမဆက်လို့ မျက်မှောင်ကစပြီးကျုတ်လို့နေပြီ..

" အရေးတကြီးထွက်လာရလို့ပါကလေးရဲ့ "

" ဘာလို့ "

" ဦးဂျွန်ကိုအိမ်ထဲ​ပေးမဝင်တော့ဘူးလား ကလေး "

" အာ ဦးဂျွန်ကိုတွေ့တာနဲ့ အကုန်မေ့ကုန်တာ ဟီးဟီး "

" အပြောလေးကကွာ အနမ်းတွေအများကြီးပေးချင်စရာ "

" ဟွန့်နော် "

အိမ်ထဲရောက်တော့ အလှပန်းအိုးတွေ အလှဆင်နေတဲ့ အမေဖြစ်သူ..အိမ်ထဲဝင်လာတဲ့သူကိုကြည့်လိုက်တော့ Jungkook ဖြစ်နေတာကြောင့် ပြင်လက်စပန်းအိုးကိုခဏထားခဲ့ကာ အနားကိုရောက်လို့လာသည်..

" ကလေးလေးပြေးထွက်သွားတာ ဘယ်သူများလည်းလို့ သားJungkook ကို လာလာထိုင်သား"
" အဒေါ်ကြီးရေ သားအတွက် အအေးနဲ့ မုန့်ယူခဲ့ပါအုံး " " သား ကလေးလေးစီ လာတာလား "

" သား ညနေကျရင် ဘူဆန်သွားရတော့မှာမို့ ကလေး ကိုလာနှုတ်ဆက်တာ တပတ်လောက်ကြာမှာမို့လို့ အမေ"

" ဟင် ဦးဂျွန်ပြောတော့နောက်ရက်မှဆို ဘာလို့ ဒီညနေလည်း "

" ဟုတ်တယ် ကလေးရဲ့ ချက်ချင်းလုပ်ရမယ့်ကိစ္စလေးပေါ်လာတော့ ညနေအားခြင်း လေယာဥ် နဲ့ သွားရမှာ"

" ဟင့် လူကြီးဖြစ်ပြီး ကတိလည်းမတည်ဘူး "

" ဟော ကလေးလေး သားJungkook က အလုပ်ကိစ္စအရေးကြီးလို့လေ "

Baby ( complete) Where stories live. Discover now