" ကလေး!!!!"
Jungkook မှာ Tae ရဲ့စကားကြောင့် အော်လိုက်မိသည်..အဲ့တော့လည်း မျက်လုံးလေးအဝိုင်းသားနဲ့ လန့်သွားကာ သူ့ကိုမော့ကာ ကြည့်လို့နေတဲ့ Tae..
မကြာပါဘူး မျက်လုံးသားတွေက နီရဲလာကာ မျက်ဝန်းအိမ်ထဲ မျက်ရည်တို့က ပြည့်လျံတက်လာတော့သည်..
Jungkook လည်း ငိုတော့မယ့် ကလေးလေးကို ဆွဲကာ ရင်ခွင်ထဲ ထည့်လို့ဖတ်ထားလိုက်တော့ သူရဲ့ ရင်ဘက်ကို လက်သီးဆုတ်လေးနဲ့ တဘုံးဘုံးထုကာ ငိုလို့နေသည်.
" ဟင့် ဟင့် ဘာလို့အော်တာလည်း ကလေး ဘာလုပ်မိလို့အော်တာလည်း ဟင့် ကလေး အမှားလုပ်မိလို့လား ဟင့် ဟင့် ဦးဂျွန် မှားတာလေ ဟင့် ဟင့် ဘာလို့ကလေးကိုအော်တာလည်း "
" ကလေးနဲ့ ဦးဂျွန် ဘာမှ မပက်သက်တော့ဘူးလို့ဘာလို့ပြောတာလည်း ကလေးရာ မကြိုက်ဘူး အဲ့လိုစကားမျိုးတွေနောက်ခါစိတ်ဆိုးရင်တောင်မပြောနဲ့ ဦးဂျွန် မကြိုက်ဘူး "
" ဒါဆို ခုဏကြတော့ ဦးဂျွန် က ဘာလို့ ကလေးကို တူလေးလို့ပြောတာလည်း ဟင့် ဟင့် ဦးဂျွန် ကျတော့ ဘာလို့ပြောတာလည်းလို့!!! "
" ဟုတ်ပါတယ် ဦးဂျွန် တောင်းပန်ပါတယ် ဦးဂျွန် မှားတာပါ ကလေးရယ်..ကလေး အဆင်မပြေမှာဆိုးလို့ အဲ့လိုပြောလိုက်မိတာပါ "
ရင်ခွင်က Tae ကိုထုတ်ကာ ပါးပြင်ပေါ်က မျက်ရည်လေးတွေကို သုတ်ကာပေးပြီး ကားရှိရာစီ ဆွဲခေါ်လာခဲ့ရတော့သည်..
..
စိတ်ဆိုးပြေအောင်အရင်ဆုံး ရေခဲမုန့်ဝယ်ကျွေးရပြန်တယ်.. ရေခဲမုန့်ဆိုင်ထဲ ထိုင်ကာ ရေခဲမုန်စားနေရင်း..
"ကလေး ဘာလို့ငိုပြန်တာလည်း "
သူ့ရှေ့မှာ ရေခဲမုန့်စားနေရင်း ငိုနေပြန်တဲ့ ကလေးလေးကို မြင်တော့ဆိုးရိမ်တကြီးမေးလို့လာတဲ့
Jungkook..စားပွဲပေါ်က တစ်ရှုးကို ယူကာ မျက်ရည်တွေသုတ်ပေးရပြန်တယ်..."ခုဏ ဦးဂျွန် အော်လိုက်တာကို ပြန်စဥ်းစားပြီး ဝမ်းနည်းလို့ အီးဟီးဟီး ဟင့် ဦးဂျွန်က ကလေးကို အော်တယ် ဟင့် ဦးဂျွန် မကောင်းဘူး ဟင့် ကလေးကို အော်ရက်တယ် ဟင့်.. "
