21

3.1K 212 10
                                    

Jk pov.. ကလေး ရယ် ဖုန်းကိုင်ပါကွာ..

တင်းတီ ..တီတင်း...တင်း တင်းတင်းတင်

" Hello အမေးရှိပါ "

" အမေ သား Jungkook ပါ "

" အော် သား ပြော "

" အမေ ကလေး အိမ်မှာရှိလား "

" ဟင် သားနဲ့တူတူ ထွက်သွားတာမဟုတ်ဘူးလား "

" ဟုတ်တယ် အမေ ဒါပေမယ့် ကလေးက စိတ်ဆိုးပြီး ထွက်သွားတာ ခုဖုန်းဆက်တာလည်း မကိုင်လို့ အိမ်များပြန်ရောက်နေပြီလား သိချင်လို့ ဖုန်းဆက်ကြည့်တာ အမေ "

" ဟေ ဟုတ်လား ကလေးလေး က အရမ်းစိတ်ကောက်တက်တာ ချော့ရလည်းခက်ပါ့ အမေ ဆက်ကြည့်လိုက်အုံးမယ် ပြီးရင်ပြန်ပြောမယ် "

" ဟုတ်ကဲ့ အမေ ကျေးဇူးပါ "

...

Tae ဟာ တယောက်ထဲ ရှိနေတာထက် စာရင် သူငယ်ချင်းတွေနဲ့နေတာ အကောင်းဆုံးလို့ တွေးကာ သူငယ်ချင်းနှစ်ယောက်ကိုလှမ်းခေါ်လိုက်တော့ အချိန်တိုင်းအားနေတဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း ချက်ချင်းကိုပဲ ရောက်ချလာတော့သည်..

" ရားးး Taehyung မျက်နှာက ဘာလို့ ငိုထားတာလား "

" Jimin Hobi ဟင့် ဟင့် ငါက အဲ့လိုကောင်မျိုးဖြစ်နေလို့လား အဲ့လိုပုံစံပေါက်နေလို့လား ဟင် "

" ဟေ့ရောင် ဘာဖြစ်တာလည်း ငါတို့ကိုရှင်းအောင်ပြော "

" ငါက ဦးဂျွန်ကို တွဲနေတာ ပိုက်ဆံမက်လို့တဲ့ ရုပ်လေးနဲ့ ချူစားနေတာတဲ့ ငါ့ကိုအဲ့လိုပြောတယ် အီးဟီးဟီး ဟင့် "

" ဘာ.. မင်း ကိုများ အဲ့လိုပြောတယ် ဘယ်သူလည်း Jeon Jungkook ရဲ့ အဖေက လား "

" ဟင့်အင်း ဦးဂျွန် အဖေရဲ့ နောက်မိန်းမရဲ့ သမီး.. သူကငါနဲ့ရွယ်တူပဲ ဟင့် ဟင့် ရှက်တယ် ရှက်လို့သေသွားလိုက်ချင်တယ် "

" ဘာ ကိုသေ သွားချင်တာလည်း မင်းက အဲ့လိုသူပြောသလိုမို့လို့လား ဟက် အဲ့မိန်းကလေး နာမည်နဲ့ ပုံစံပြောစမ်း ငါသွားရှင်းမယ် "

" ဟင့်အင်း ဦးဂျွန်က ဦးဂျွန်က "

" ဘာလည်း Jeon Jungkook က မင်းကိုမကာကွယ်ပေးဘူးလား အဲ့မိန်းကလေးပြောတာကို ဟမ် ခုရော သူဘယ်မှာလည်း "

Baby ( complete) Where stories live. Discover now