34

3.4K 207 2
                                    

ဒေါက်ဒေါက်

တံခါးခေါက်သံနဲ့အတူ ဝင်လို့လာတဲ့ ဆရာဝန်နဲ့ သူနာပြုများ..

" သတိရတာကြာပြီလား မျက်နှာလေးက လန်းဆန်းနေတာပဲ နေရထိုင်ရအဆင်ပြေရဲ့လား မျက်လုံးကရော ကြည့်ရတာဘယ်လိုနေလည်းအဆင်မပြေတာရှိလား လူနာ "

" ဟုတ် ကလေး.. အာ ကျွန်တော် အဆင်ပြေပါတယ် နေရထိုင်ရလည်း အားလုံးကောင်းတယ် "

ကုတင်ပေါ်မှာထိုင်ကာ ဆရာဝန်မေးသမျှဖြေနေတဲ့ကောင်လေး ကုတင်ဘေးမှာရပ်လို့နေတဲ့ Jungkook ရဲ့ လက်ကိုလည်းဆုတ်ကိုင်ထားကာ ဆရာဝန်မေးသမျှကို ပြုံးပြုံးလေးဖြေလို့နေသည်..ဆရာဝန်ကလည်း တွဲထားတဲ့ လက်ကလေးစီ အကြည့်ရောက်ကာ..

" ကောင်းပါပြီဗျာ ဒါနဲ့ လူနာက မျက်မှန်တော့တပ်ရမယ် အဲ့တာတော့သိတယ်ဟုတ် "

" ဟုတ်ကဲ့ ကျွန်တော် ကလေးအတွက် မျက်မှန်ဌာနမှာ မျက်မှန် ရွေးပေးထားပြီးပါပြီ "

" ဟုတ်ကဲ့ ဒါဆို နောက်နှစ်ရက်လောက်နေရင် ဆေးရုံဆင်းလို့ရပါပြီ "

" ဟုတ်ကဲ့ ကျေးဇူးပါ doctor "

ဆရာဝန်တွေထွက်သွားတော့ Jungkook ဟာ ကုတင်ပေါ် တင်ပလွဲလေးထိုင်လိုက်ကာ Tae ရဲ့ ပါးပြ​င်လေးကို အုပ်ကိုင်လိုက်ပြီး Tae ရဲ့ မျက်ဝန်းလေးတွေကိုသေချာကြည့်ကာ..

" ဦးဂျွန် သဘောကျရတဲ့ မျက်ဝန်းလေးတွေကို နောက်ဆို မျက်မှန်ခြားပြီး ကြည့်ရတော့မယ်ကွာ "

" ဦးဂျွန် ကြည့်ချင်ရင် ကလေးမျက်မှန်ချွတ်ပေးမှာပေါ့ "

" အတက်ကလေး လူကိုအမျိုးမျိုးခြွေနေ ဟုတ်ပါပြီ ကလေးရယ် ချစ်တယ်သိလား အရမ်းချစ်တယ် "

ပါးပြင်လေးကိုအုပ်ကိုင်ထားရကနေပဲ နှုတ်ခမ်းလေးကို အသံမြည်အောင် အနမ်းလေးပေးလိုက်သေးသည်..

*ပြွတ်*

....​​
ဆေးရုံဆင်းရက်ရောက်တော့ Tae က Jungkook နဲ့ လိုက်သွားချင်ပေမယ့် Jungkook က ခွင့်မပြု..မိဘတွေနဲ့သာပြန်နေဖို့ပြောတော့ ငိုမဲ့မဲ့လေးဖြစ်နေတဲ့ Tae..

" ဦးဂျွန်ကလည်း "

" ကလေး ဦးဂျွန်စကားနားထောင်ပါနော် နောက်ရက် ဦးဂျွန် ကလေးကို ဦးဂျွန် ကလေး မိဘတွေ့ရှေ့မှာ လက်ထပ်ဖို့လာခွင့်တောင်းပါ့မယ် ဟုတ်ပြီလား "

Baby ( complete) Where stories live. Discover now