15

3.6K 221 9
                                    

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးလေးဟာ အချိန်ကာလခဏလေးတခုမှာတင် ပိုမိုခိုင်မြဲလို့လာသည် တယောက်နဲ့ တယောက် ပို၍ သာ အချစ်တွေတိုးလာလို့ လာကာ မမြင်ရ မနေနိုင်ကာ အချိန်တိုင်း ရတဲ့ အချိန်လေးတခုမှာ ပြေးတွေ့ရတာလည်း Jungkook ရဲ့ အလုပ်တခုလိုပင်..

ပုံမှန်ဆို sunday တောင်အလုပ်မအားတက်တဲ့ Jungkook ဟာ ခုဆို sunday တိုင်းက သူရဲ့ အားလပ်ရက်တခုအဖြစ် ကျန်တဲ့ အလုပ်တွေ မေ့ထားကာ သူ့ရဲ့ ကလေးကိုသာအချိန်ပေးတက်သည်..

"ဦးဂျွန် ခုဘယ်သွားနေတာလည်း "

"ကလေး ကို ဦးဂျွန်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမလို့လေ "

"ဟင် ဦးဂျွန်"

"ဘာလို့ ကလေး ရဲ့ "

ဦးဂျွန်ရဲ့ ပြုံးပြီးမေးလာတဲ့ မေးခွန်းကို Tae ပြန်မဖြေနိုင်ခဲ့.. ဦးဂျွန်က သူ့အပေါ်တကယ်မြတ်မြတ်နိုးနိုးနဲ့ သူများကဲ့ရဲ့တောင်ကာကွယ်ပြီးချစ်ခဲ့တယ်..

ခုလည်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ပါမိတ်ဆက်ပေးမယ်လို့ပြောလာတာကြောင့် Tae ခေါင်းထဲ သူတို့သူငယ်ချင်းသုံးယောက် အချစ်ကိုလောင်းကြေးထပ်ခဲ့ကြတာကို ပြန်သတိရလာချိန်မှာ အလိုလိုအားနာလာသလို ကြောက်လည်းကြောက်လာခဲ့သည်..အလောင်းအစားတခုလို ချင်းကပ်ခဲ့ပေမယ့် သူလည်းတကယ် ဦးဂျွန်ကို ချစ်သွားခဲ့သည်...

အတွေးတွေလွန်နေလိုက်တာ စားသောက်ဆိုင်ရောက်တာတောင်မသိတဲ့အပြင် ဦးဂျွန် တံခါးလာဖွင့်ပေးလို့ ကလေး လို့ခေါ်မှာသာ သတိပြန်ဝင်လာခဲ့သည်..

" ကလေး "

" ဟင် ဗျာ ဦးဂျွန် "

" ရောက်ပြီလေ ကလေးရဲ့ လာသွားရအောင် "

နှစ်ယောက်သား စားသောက်ဆိုင်ထဲသို့ဝင်လာခဲ့ကြသည်..VVIP room ရှေ့ရောက်တော့ ဧည့်ကြိုကအသင့်ဖွင့်ပေးလာတဲ့ တံခါး Jungkook က ရှေ့ကနေဝင်မလို့ရှိသေး အနောက်ကပါမလာတဲ့ Tae ကြောင့် နောက်ပြန်လှည့်လာကာ Tae ရဲ့လက်ကလေးကို လှမ်းကိုင်လို့ ဆွဲခေါ်လာတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ပါလို့လာတဲ့ Tae

" ဦးဂျွန် "

" ကလေး ဘာမှမရှက်နဲ့ ဒါက ဦးဂျွန်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဟုတ်ပြီလား "

Baby ( complete) Where stories live. Discover now