19

3K 207 4
                                    

အဖေဖြစ်သူရဲ့ အလုပ်ကိစ္စပြောစရာရှိတယ်ဆိုတာကြောင့် Jeon အိမ်တော်ကြီးသို့ရောက်လို့လာတဲ့ Jungkook..

Jeon အိမ်တော်ကြီးရောက်ရင် ​မမြင်ချင်တဲ့ မျက်နှာတွေမြင်နေရမှာဆိုးတာကြောင့် သူလာရင်အားလုံးရှင်းခါးဖို့​မှာထားတာကြောင့် မိထွေးဖြစ်သူနဲ့ သူ့ရဲ့သားသမီးနှစ်ယောက်ဟာ Jungkook လာရင် အခန်းထဲကနေအပြင်မထွက်ရပဲနေရသည်..

ဧည့်ခန်းမှာ အသင့်စောင့်လို့နေတဲ့ အဖေဖြစ်သူ..အိမ်ထဲရောက်တာနဲ့ အဖေဖြစ်သူဘေးက ခုံမှာဝင်ထိုင်လိုက်တဲ့ Jungkook..

ဖတ်နေတဲ့ သတင်းစားကိုခေါက်ကာ စားပွဲခုံပေါ်တင်လိုက်ပြီး ဘေးကစာအိတ်ပြစ်တင်ပေးလိုက်သည်..စာအိတ်ထဲက ထွက်ကျလာတဲ့ ဓာတ်ပုံတွေကိုမြင်လို့သွားတဲ့ Jungkook...

" Jeon jungkook အကြိုက်တွေပြောင်းလို့ပါလား "

" သားအချ​စ်ရေးမှာ အဖေ ဝင်ပါစရာမလိုဘူးထင်တယ် "

" ငါ့စီးပွားရေးမထိခိုက်ရင် ဘယ်ကိစ္စမှ ဝင်ပါဖို့စိတ်ကူးမရှိဘူး "

" ကျွန်တော်လုပ်နေတဲ့ ကိစ္စ ကျွန်တော်အပြည့်အဝတာဝန်ယူတယ် အဖေသာ ကလေး ကို ထိခိုက်အောင်လုပ်ဖို့မစဥ်းစားပါနဲ့ ကလေး နဲ့ပတ်သက်ရင် ကျွန်တော် သည်းခံမှာမဟုတ်ဘူး"

" ကောင်းပြီလေ တခါလောက်ခေါ်ခဲ့စမ်းပါအုံး မင်း ကလေးကို ဘာတွေများထူးခြားနေလို့ မင်းသဲသဲလှုပ်ဖြစ်နေရတာလည်းလို့ "

" အဖေ တွေ့ရမယ့်အချိန်ကျရင် ကျွန်တော်ခေါ်လာပါ့မယ် အဖေရဲ့ အရှုပ်အရှင်းတွေကိုတော့ ရှင်းထားပေး ကျွန်တော် ကလေး ကိုအဲ့လိုလူမျိုးတွေနဲ့ မိတ်မဆက်ပေးနိုင်ဘူး "

" ဟားဟား ဟား Jeon Jungkook Jeon Jungkook "

" အလုပ်ကိစ္စဆိုတာ ဒါလား အဖေ ဒါဆိုရင်တော့ ပြန်တော့မယ် "

" ပြောမယ် ဘူဆန်ဘက်မှာ လုပ်ငန်းတခုတိုးချဲ့ဖို့ရှိတယ် အဲ့ကိစ္စ နောက်ရက်ကြရင် ဒယ်ဆန်းဘက်နဲ့ တိုင်ပင်စရာတွေရော ရှယ်ယာရှင်တွေနဲ့ အစည်း အဝေး လုပ်မယ် မင်းစီ ငါဖိုင်တွေပို့ပေးလိုက်မယ် ကြည့်ထားလိုက်.."

" အားလုံးစီစဥ်ပြီးမှ ပြောတာက တိုင်ပင်တာလား အသိပေးရုံပဲလား "

Baby ( complete) Where stories live. Discover now