လွန်ခဲ့တဲ့ 3 နှစ်ခန့်က....
မျက်ဝန်းအိမ်ထဲ မျက်ရည်များပြည့်လျံနေတာ
ကြောင့် အမြင်တို့ဝေဝါးလာကာ မောင်းထွက်သွားတဲ့ ကားနောက်ပြေးလိုက်ချိန် တဖက်ကလည်း အရှိန်နဲ့ မောင်းလာတဲ့ ကားရှေ့အရောက်...jimin hobi " Tae!!!!!"
ကျွီ......ဘုန်းးးးးးး
Tae ရဲ့ ခန္တာကိုယ်လေးဟာ လေပေါ်ကို မြှောက်တက်သွားပြီ ကားနဲ့ ခက်လှန်းလှန်းကို ပြန်လည်ပြုတ်ကျလာခဲ့သည်..ကားလမ်းမထက် သွေးအိုင်ထဲ သတိမေ့မျောသွားပြီဖြစ်တဲ့ ကောင်လေး.. ထိုကောင်လေးရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်စလေးတွေက တော့ခုထိပါးပြင်ပေါ်စီးကျလို့နေသေးသည်...
Jimin နဲ့ Hobi ဟာ Tae စီ အပြေးရောက်လာကြပြီး Jimin ဟာ Tae ရဲ့ ခန္တာကိုယ်လေးကို ပွေ့မလိုက်ချီ အလိုက်သင့်ပါလို့လာတဲ့ ခန္တာကိုယ်လေး ပါးစပ်ထဲကလည်း သွေးတို့က တလဟော စီးကျလာသည်...
Jimin " T Tae ထ ထပါအုံးကွာ Hobi ဆေးရုံကားမြန်မြန်ခေါ် ဆေးရုံကားမြန်မြန်ခေါ်!!! "
Hobi လည်း သူငယ်ချင်းအဖြစ်ကိုကြည့်ပြီး ကြောင်တောင်တောင်ဖြစ်နေချိန်မှာ Jimin ရဲ့ သတိပေးသံကြောင့် ဖုန်းကိုထုတ်ကာ တုန်ရီနေသောလက်တို့ဖြင့် အရေးပေါ်ကားကိုဖုန်းဆက်ခေါ်လိုက်သည်...
ဖုန်းခေါ်လို့ပြီးတာနဲ့ Jimin ရဲ့ ဘေး ဒူးထောက်ထိုင်လိုက်ကာ Tae ရဲ့ လက်ကလေးကိုကိုင်လို့..
Hobi " Tae သတိထားပါအုံးကွာ Tae မျက်လုံး
ဖွင့်ကြည့်ပါအုံးကွာ "ကျောင်းရှေ့မှာတင်ဖြစ်သွားတာကြောင့် အခြားကျောင်းသားတွေရော Tae ကို တကျောင်းလုံးက သိနေကြတာကြောင့် ဆရာ ဆရာမတွေကိုပြေးခေါ်ကြပြန်တော့ ဆရာ ဆရာမတွေပါရောက်လို့လာကာ အုပ်အော်သောင်းနင်းဖြစ်လို့သွားသည်..
" Taehyung လေးဘယ်လိုဖြစ်လည်း လုပ်ကြပါအုံး ဆေးရုံကားခေါ်ပြီးပြီလား "
တိုက်တဲ့ကားကလည်းကုန်ကားလိုကားမျိုးဖြစ်တာကြောင့် Tae ရဲ့ ခန္တာကိုယ်လေးကိုဝင်တိုက်လိုက်မိတဲ့အရှိန်ကြောင့် ရှေ့ကားမှန်တခုလုံးကလည်း ကြေမွလို့ ကားနဲ့ Tae ရဲ့ အရပ်ကြောင့်လည်း Tae ဟာ ဦးခေါင်းပိုင်းကိုပိုအထိများသွားသလို ပြုတ်ကျတဲ့အ ရှိန်ကြောင့်နဲ့ ဦးခေါင်းကသွေးတို့ကလည်းရဲလို့ စီးကျနေသည်...