ခရီးဝေးတာကြောင့် ခုဏစိတ်မကောင်းဖြစ်ကာငိုလို့နေတဲ့ကလေးလေးက ခုတော့ အိပ်မောကျလို့နေပြီ..
Jungkook မှာတော့ အနားမှာရှိနေပြီး အိပ်မော ကျနေတဲ့ ကလေးလေးကိုတောင် သူ့အနားက ထွက်သွားမည်ဆိုးသည့်အလား လက်ကလေးတဖက်ကိုဆုတ်ကိုင်ထားတာ ခုထိမလွှတ်..
ကားမောင်းရင်း အိပ်ပျော်နေတဲ့ ကလေးလေးကို
ကြည့်မိတိုင်းလည်း အကြိမ်ကြိမ်တောင်းပန်စကားတွေပြောနေမိသလို..အရမ်းချစ်ကြောင်း ကိုလည်း တဖွဖွပြောနေမိတယ်..ဒါကိုအိပ်ပျော်နေတဲ့ကောင်လေးတော့သိမည်မဟုတ်.."ဦးဂျွန် တောင်းပန်းပါတယ် ကလေးငယ် ဦးဂျွန် မကောင်းခဲ့လို့ ကလေးခံစားနေရတာ ဦးဂျွန် ကြောင့် အားလုံးဦးဂျွန်ကြောင့် ကလေးကိုနာကျင်စေတာ ဦးဂျွန် မကောင်းခဲ့လို့..
ချစ်တယ် အရမ်းချစ်တယ်ကလေး ဘာတွေဖြစ်လာလာ ဦးဂျွန် ကလေးကို လုံးဝလက်မလွှတ်တော့ဘူး လက်လွှတ််ဖို့လည်းလုံးဝမဖြစ်နိုင်ဘူး ကလေးငယ်ရယ်..."
သူ့ရဲ့မွေးရပ်မြေဘူဆန်မှာ သူ့ကလေးအတွက်ဆိုပြီး ခြံဝန်းကျယ်ကြီးထဲမှာ အိမ်သေးသေးလေးဆောက်လို့ထားခဲ့တာ ထိုကလေးလေးကို လက်ထပ်ခွင့်တောင်းခဲ့ချိန်ကပေါ့..
3နှစ်တာအချိန်တွင်းမှာအကြိမ်ကြိမ်ရောင်းလိုက်ဖို့ကြိုးစားခဲ့ပေမယ့် သူလုံးဝမရောင်းနိုင်ခဲ့..ခုတော့ထိုအိမ်လေးရဲ့ ပိုင်ရှင်က သူစီပြန်ရောက်လာခဲ့ပြီ..သို့သော်ပိုင်ရှင်လေးကတော့ထိုအိမ်လှလှလေးကို မြင်တွေ့ခွင့်မရှိသေး...
သူရဲ့ခြံဝန်းရှေ့ခြံစည်းရိုးတံခါးကြီးကိုဖွင့်လိုက်ချိန်မှာတော့..အတွင်းပိုင်းခြံဝင်းကျယ်ကြီးထဲ တထပ်တိုက်အိမ်ပုလေးက ကြိုဆိုလို့နေသည်...
ကားကိုရပ်ကာ ကားပေါ်ကာဆင်းလာပြီး Tae ရဲ့တံခါးလေးကိုဖွင့်ကာ အိပ်နေတဲ့ ကလေးလေးရဲ့ ပါးပြင်လေးကို လက်ချောင်းလေးနဲ့ ပွတ်လိုက်တော့နိုးလို့သွားတဲ့ Tae..
လက်ကလေးကိုကိုင်လို့ကားပေါ်က ဖြေးဖြေးခြင်းဆင်းစေပြီး အိမ်ထဲသို့ ခေါ်လာခဲ့သည်..