မနက်စောစော ကျောင်းသွားဖို့ အိမ်ပေါ်ကနေ ဒရောသောပါး ပြေးဆင်းလာတဲ့ Tae..လှေကားအောက်ဆုံးနားအရောက်တထစ်မှာ ကိုယ့်ခြေထောက်ကိုယ် ခလုတ်ပြန်တိုက်ကာ တထစ်အလိုကနေ လှေကားခြေရင်းသို့ ပြုတ်ကြသွားတော့သည်..
ဘုန်းးးး
" အားးးး omma အီးဟီးဟီး"
" ကလေးလေး ဘယ်လိုဖြစ်တာလည်း "
"အဲ့လှေကားကြောင့် သားချော်လည်းတာ အီးဟီးဟီး အဲ့လှေကားလုပ်လို့ "
လှေကားကို လက်ညိုးထိုးကာ လှေကားကြောင့် သူချော်လဲရတာပါဆိုပြီး အမေဖြစ်သူကို အတိုင်အပြောထူနေတဲ့ Tae..
"ပြပါအုံး ဒူးခေါင်းတော်တော်နားသွားလား ဟယ် ညိုတောင်ညိုနေပြီ ကလေးလေး ကျောင်းသွားလို့ဖြစ်ပါ့မလား appa ကိုလိုက်ပို့ခိုင်းရမလား "
ထိုအချိန် အိမ်ရှေ့က သူနဲ့ jungkook သာ သိတဲ့ ကားဟွန်းသံ သုံးချက် ကြောင့် Tae ဟာ လှေကားခြေရင်းနားကနေချက်ချင်းထရပ်လိုက်ကာ နာနေတာကို ဟန်ဆောင်လို့ ကျနေတဲ့မျက်ရည်ကိုချက်ချင်းသုတ်ကာ
" ဟီးဟီး ဘာမှဖြစ်တော့ဘူး ပျောက်သွားပြီ omma သားသွားတော့မယ် "
" ကလေးလေး ဟုတ်ရဲ့လား ခုဏငိုနေတာလေ appa ကိုလိုက်ပို့ခိုင်းလိုက်မယ် နေအုံး "
" ရပါတယ်ဆို omma ကလည်း သားဘာမှဖြစ်တော့ပါဘူးဆို သွားပြီ omma "
အမေဖြစ်သူကို ဘယ်တပြန်ညာတပြန်အနမ်းပေးကာ အိမ်ရှေ့ရောက်တဲ့အထိ အမေဖြစ်သူကြည့်နေမှာသိတာကြောင့် နာနေတာကို တင်းခံကာ လျှောက်လို့လာပြီး အိမ်ရှေ့တံခါးပိတ်ပြီးတာနဲ့ အမေဖြစ်သူလည်းမမြင်ရတော့ဘူးဆိုမှ အုတ်တတိုင်းကို မှီချလိုက်တဲ့ Tae က ချက်ချင်းဆိုသလိုပင် ခြေထောက်လေးက ခွေကျသွားတော့သည်. ဒါကို မြင်တဲ့ Jungkook မှာ ကားပေါ်က အပြေးဆင်းလာလို့ Tae ရဲ့ လက်မောင်းလေးကို ဆွဲကိုင်ထားလာသည်.
" ကလေးဘာဖြစ်တာလည်း "
Tae ဟာ Jungkook ကိုလည်း မြင်ရော ခုဏငိုချင်တာကို အောင့်ထားလိုက်ရလို့ခုမှ အတိုးချပြီးငိုသလို အားရပါးရငိုချလိုက်ပြီး ငိုနေရင်း သူချော်လဲတဲ့ အကြောင်းကိုပြောပြနေတော့ Jungkook မှာ နားလည်သလို နားမလည်သလိုဖြစ်လို့နေသည်..