16

3.2K 224 9
                                    

အိမ်အပေါ်ထပ်ကနေ မနက်စောစောစီးစီး အသံပြဲကြီးနဲ့ အော်ခေါ်နေတဲ့ သားတော်မောင်ကြောင့် အမေဖြစ်သူမှာချက်နေတဲ့ဟင်းကို အဒေါ်ကြီးနဲ့ထားခဲ့ကာ အိမ်ပေါ်သို့တက်လာရသည်..အခန်းထဲရောက်တော့ မြင်လိုက်ရတဲ့ အဝတ်ပုံကြောင့် ရင်ထဲစို့လို့သွားသည်..

" Kim Taehyung! !! အဲ့တာဘာလုပ်ထားတာလည်း "

"omma သား ညကျရင် ပွဲတခုသွားစရာရှိတာလေ အဲ့တာ အကျီမရှိလို့ ဘယ်လိုလုပ်ရမလည်း "

ကြည့်လိုက်တော့လည်း ဗီဒိုထဲမှာ Suit ကအထပ်လိုက်..

" ဒါတွေက ဘာတွေလည်း "

" အဲ့တာတွေက ဝတ်ပြီးသားတွေလေ omma ရဲ့ "

" ဘယ်ပွဲသွားမှာမို့ အဲ့လောက်ဖြစ်နေရတာလည်း Kim Taehyung "

" Jimin ဖိတ်တာ သူ့ဦးလေး ဦးဂျွန်လေ သိလား အဲ့ပွဲသွားမလို့ "

" ရှိတာဝတ်သွား "

" ommaaaaa!!!!"

ထိုအချိန်ဝင်လာတဲ့ ဖုန်းကြောင့် အမေဖြစ်သူကို နှုတ်ခမ်းလေးဆူပြကာ စိတ်ကောက်တဲ့အမှုအရာပြလို့ဖုန်းကိုကောက်ကိုင်လိုက်တဲ့ Tae..

" Hello Kim Taehyung ပြောနေပါတယ် "

" ဟုတ်ကဲ့ Delivery လာပို့တာပါ "

" ကျွန်တော်ဘာမှ မမှာထားပါဘူး "

" ဟုတ်ပါတယ် တဖက်က Jeon Jungkook နာမည်နဲ့ ပို့လိုက်တာပါ "

" ဟင် ဦးဂျွန်က ဟုတ်ကဲ့ လာပြီ ခဏလေးနော် "

ဖုန်းပြောပြီးတာနဲ့ အိမ်ပေါ်ထပ်ကနေပြေးဆင်းသွားတဲ့ သားကိုကြည့်ပြီး အမေဖြစ်သူနားမလည်တော့..

သားလေးတယောက်ရှိပါတယ် ငယ်ငယ်ထဲက အလိုလိုက်ထားတာကြောင့် တခုခုဆို ငိုမယ်ချွဲမယ်ဒါပဲတက်သည်..

သူ့ကိုယ်တိုင်ကလည်း သမီးရူး ရူးခဲ့တာကြောင့် ပန်းလေးလိုလှတဲ့ သားဖြစ်သူကြောင့် သူ့မှာသမီးလေးရသလိုပင် ပန်းလေးလို အမြဲအရိပ်တကြည့်ကြည့် အထိမခံရွေပန်းကန်လိုထားခဲ့သည်..

အိမ်ခန်းထဲ ဖွထားတဲ့အဝတ်အစားတွေကို ကောက်သိမ်းရင်း အခန်းထဲ ပါဆယ်ဘူးကြီးသယ်ကာ ဝင်လာတဲ့သားဖြစ်သူကိုတွေ့တော့..

Baby ( complete) Where stories live. Discover now