5

4.4K 264 6
                                    

"ဟင့် ဦးဂျွန် ကျွန်တော်ကို လာခေါ်ပေးလို့ရမလား ဟင့်"

" ကလေး မငိုနဲ့ ဘာဖြစ်လို့လည်း ဦးဂျွန် ခုချက်ချင်းလာခဲ့မယ် ဘယ်မှာလည်း ကလေးခုဘယ်မှာလည်း "

" ...... အဲ့နားမှာ ဟင့် မြန်မြန်လာပေးပါ ကြောက်လို့ ဟင့် "

Jungkook ဟာ ကုတ်အကျီကိုကောက်ဆွဲကာ အပြေးတပိုင်းထွက်လာခဲ့သည်..အနောက်ကသူငယ်ချင်းဖြစ်သူ လှမ်းမေးတာတောင်မဖြေနိုင်တော့..

Yg "ဟေ့ရောင်ဘယ်လည်း ငါကရော ပြန်ရတော့မှာလား..ဟာကွာ ဒီကောင်ဘာဖြစ်နေလည်းမသိဘူး ဒီရက်ပိုင်း အိန္ဒြေကိုမရဘူး ပြန်တာပဲကောင်းတယ် "

Jungkook ဟာ Tae ပြောတဲ့နေရာသို့ ကားကို အရိုန်နဲ့မောင်းကာထွက်လာခဲ့သည်..မိုးချုပ်နေတာကြောင့်ကားလမ်းရှင်းလို့နေသည်..ပုံမှန် နာရီဝက်လောက်သွားရတဲ့ လမ်းက ကားရှင်းနေတာကြောင့် 10 မိနစ်နဲ့ရောက်လို့သွားသည်..

အဝေးကနေတောင်လှမ်းမြင်ရတဲ့ Tae..လမ်းဘေးတနေရာမှာ ငုံ့တုတ်လေးထိုင်လို့နေသည်..
မလှမ်းမကမ်းမှာကားကို ရပ်လိုက်ပြီး မြန်မြန်ဆင်းလို့သွားတဲ့ Jungkook..

Tae နားရောက်တော့ခေါ်လိုက်တဲ့ချိန်မှာ မက်တက်ရပ်လို့လာပြီး သူ့ကိုမော့ကြည့်လာတဲ့ Tae ရဲ့ မျက်ဝန်းလေးတွေဟာ နီရဲနေပြီး သူကိုမြင်ပြန်တော့ထပ်မှန် ဝဲတက်လာတဲ့ မျက်ရည်တို့ဟာ ပြိုကျတော့မယ့် မိုးအလားပြည့်လျံတက်လာသည်..

Jungkook ဟာ ငိုလုဆဲဆဲ Tae ကို ရင်ခွင်ထဲဆွဲသွင်းကာဖတ်လိုက်တော့မှ ရင်ခွင်ထဲအရောက်ငိုကြီးချက်မ ငိုချလိုက်တဲ့ Tae..

အီးဟီးဟီးဟင့်ဟင့်

Jungkook ဟာ Tae ရဲ့ ခေါင်းလေးကို ထိန်းကိုင်ကာ ဖတ်ထားပြီး ကျောပြင်လေးကို ပွတ်ပေးကာ နှစ်သိမ့်ပေးလို့နေသည်..ငိုလို့ဝသွားတော့မှ Tae ဟာ Jungkook ရဲ့ ရင်ခွင်ထဲကနေ အနဲငယ်ခွာကာ ရပ်လိုက်သည်...

" အစက Taxi စီးပြီးပြန်တာ ဟင့် Taxi ကားသမား ဦးလေးကြီးက back မှန်ထဲကနေ ခဏခဏ လှမ်းးကြည့်ပြီး ဟင့် စကားတွေပြော​လို့ အဲ့တာ ဟင့် ကြောက်လို့ ကြောက်လို့ ကြုံတဲ့နေရာမှာဆင်းလိုက်တာ "

Baby ( complete) Where stories live. Discover now