Jungkook ဆိုးလ်ကို သွားထဲက တမနက်လုံး အဒေါ်ကြီးနားမှာ နေကာ စကားလေးတွေပြောရင်း အဒေါ်ကြီးချက် ကျွေးတဲ့အစားအသောက်တွေကိုလည်း တဝကြီးစားလို့နေတဲ့ Tae..
" သား အဒေါ်ကြီး ကူညီရအုံးမလား "
" ရတယ် အဒေါ်ကြီး ကလေးလုပ်နိုင်တယ် အဒေါ်ကြီး ချက်တဲ့ဟင်းက အရမ်းစားလို့ကောင်းတာပဲ ကလေးတော့ နေ့တိုင်းသာစားရရင် ဖတ်တီးပုတ်လေးဖြစ်သွားမှာ "
" သား သာနေတိုင်းစားချင်ရင် အဒေါ်ကြီးကနေ့တိုင်းချက် ကျွေးမှာနော် "
" ဦးဂျွန်ရော အဒေါ်ကြီးချက် ကျွေးတာစားဖူးလား "
" သူဌေးလေးက မစားဖူးဘူး အဒေါ်ကြီးကို
သန့်ရှင်းရေးပဲလုပ်ဖို့ သူဌေးလေးကခေါ်တာမို့လို့လေ "" ဒါဆိုလေ ညနေစာချက်ပေးသွားလို့ရမလားအဒေါ်ကြီး ဦးဂျွန် ဒီရက်ပိုင်းကောင်းကောင်းစားရဲ့လားမသိဘူး အဲ့တာကြောင့် ညပြန်လာရင် ကလေးနဲ့တူတူစားမလို့ အဆင်ပြေ ရဲ့လားအဒေါ်ကြီး "
" ပြေတာပေါ့ သားရဲ့ ရေခဲသေတ္တာထဲရှိတာ အဒေါ်ကြီး ချက်ပေးခဲ့မယ်နော် သား "
" ဟုတ်ကဲ့ ကျေးဇူးပါ အဒေါ်ကြီး "
" ရပါတယ် သားလေးရယ် "
ညနေစောင်းလောက်မှာ အိမ်အကူအဒေါ်ကြီးက အလှပန်းအိုးလေးတွေပြင်နေတာကို အနားကိုသွားကာ ပန်းလေးတွေကိုကိုင်ကြည့်နေတဲ့ Tae..
အဒေါ်ကြီးနဲ့ ရောက်တက်ရာရာစကားပြောကြရင်း သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးစီရောက်လို့လာသည်..
"သားက သူဌေးလေးကို ဘယ်လိုလုပ်သဘောကျသွားတာလည်း သားထက်ဆိုအသက်အများကြီး ကြီးတဲ့သူတယောက်ကိုလေ "
"ကလေးကလား ဟီးဟီး ကလေးကလေ ဦးဂျွန်ကို စတွေ့ထဲကသဘောကျခဲ့တာ "
ထိုအချိန်အနောက်ကပြန်ရောက်လာတဲ့ Jungkook.အိမ်အကူအဒေါ်ကြီး က သူကိုမြင်တော့ခေါ်ဖို့လုပ်နေချိန် တိုးတိုးနေဖို့ နှုတ်ခမ်းပေါ်လက်ညိုးလေးတင်က သတိပေးလိုက်တဲ့ Jungkook..
"ဦးဂျွန် နဲ့ ကလေး ကလေ လမ်းမှာ ကားနဲ့မတော်တစ တိုက်မိရင်းသိခဲ့ကြတာ အဲ့ထဲက ကလေးက ဦးဂျွန်ကိုသဘောကျခဲ့တာ ဦးဂျွန်က အရမ်းဂရုစိုက်လို့လေ.
