25

3.7K 236 12
                                    

ပထမဆုံး ဆေးရုံပြန်ဆင်းလာချိန်မှာတော့ Tae အတွက်က အခက်ခဲဆုံးချိန်တွေလို့ပဲပြောရတော့မှာပေါ့..အရာရာ က အရင်လိုမဟုတ်တော့ ခုမှ ကလေးတယောက်လိုအစအဆုံးလိုက်လုပ်ပေးခြင်းခံနေရသည်...

" ကလေးလေး ထမင်းစားရအောင် omma ခွံ့ကျွေးမယ်လေ "

" ဟင့်အင်း သားဘာသာ လုပ်မယ် "

စားပွဲခုံပေါ်က ဇွန်းကလေးကို လက်ကလေးဖြင့်စမ်းကာယူလိုက်ပြီး ရှေ့က ထမင်းပန်ကန်ကိုခက်နေပေမယ့် အလွဲလွဲချော်ချောပင်..

ဇွန်းထဲပါလာတယ်အထင်နဲ့ ပါးစပ်ထဲသို့ထည့်နေပေမယ့် ပထမတခါလည်းပါမလာ ဒုတိယတခါလည်းအလွဲလွဲ အချော်ချော်ကြောင့် အမေဖြစ်သူက လက်ကလေးကိုကိုင်ကာ ထမင်းပန်းကန်ကိုတည့်ပေးပြန်တော့ လက်ကိုခါလိုက်ကာ

" ဟင့်အင်း သား ဘာသာလုပ်မယ် သား ဘာသာလုပ်မယ်လို့ ဟင့် "

အကြိမ်ကြိမ်ကြိုးစားသော်လည်း အရာရာဟာ အချည်းနီးသာ..သူ့ကိုယ်ကိုစိတ်တွေတိုကာ စားနေတဲ့ ဇွန်းကိုပစ်ချလို့ ထိုင်နေရာကနေထထွက်တော့လည်းအနီးအနားက ခုန်တွေကိုဝင်တိုက်လို့လှဲကျသွားသည်...

" ကလေးလေး "

" ဟင့်အင်း ဟင့်အင်း ဟင့်အင်းလို့ ဟင့်ဟင့် "

omma ဖြစ်သူက လှဲကျသွားတဲ့ Tae ကို ဖတ်ထားလိုက်တော့ ခေါင်းအတွင်တွင်ခါကာ ငိုလို့နေသည်...

"omma သား သား ဒီလိုကြီးမနေချင်ဘူး မနေချင်ဘူးလို့ "

" အင်းပါ သားရယ် မျက်ကြည်လွှာအလှူရှင် ရတော့မှာပါ "

Tae လေးကိုတွဲခေါ်ကာ အိမ်ပေါ်ထပ်သူ့အခန်းလေးရှိရာစီသို့ သားမိနှစ်ယောက်တက်လာခဲ့ကြပြီး အိပ်ယာပေါ်လှဲစေကာ စောင်လေးခြုံပေးလို့ အိပ်စေသည်...

" omma သားလေးက စိတ်ထားကောင်းတဲ့ကလေးမို့လို့ အလှူရှင်က အမြန်ဆုံးပေါ်လာမှာပါ သားရယ်နော် အိပ်လိုက်အုံးနော် ကလေးလေး "

Tae pov...ဘာလို့ အိပ်ခိုင်းရတာလည်း သားမျက်လုံးထဲမှာ အမြဲမှောင်နေတာလေ အမြဲအိပ်နေရသလို ပဲလေ omma ရဲ့ မအိပ်ချင်ဘူး ဦးဂျွန် ကိုတွေ့ချင်တယ် ဟင့်.

Baby ( complete) Where stories live. Discover now