9

3.9K 242 6
                                    

you are the course of my euphoria ...

" Hello ကလေး စောစောစီးစီး ဖုန်းဆက်လို့ပါလား "

" ဘာလည်း ကိုယ့် ချစ်သူကို စောစောဖုန်းဆက်လို့မရဘူးလား "

Tae ဘက်က အဲ့လို ချစ်သူလို့ပြောလိုက်တဲ့စကားကြောင့် Jungkook မှာ အလိုလိုပျော်ပြီးကျေနပ်ပီတိ ဂွမ်းဆီထိရသေးသည်..

ဘာလို့ဆိုခုချိန်ထိ တယောက်နဲ့တယောက်ဝင်ခံထားတာပဲရှိသည် အတူသွားတာလာတာမှ အပ ချိမ်းတွေ့တယ် ဆိုတာတောင်မလုပ်ဘူးသေး..ဒါကြောင့်လည်း တကယ်တွဲနေတာလား ဘာလားဆိုတာမသေချာ..

ချစ်သူ​တွေသာ ပြောတာခုထိ Jungkook မှာ Tae ရဲ့လက်ကလေးတောင် မကိုင်ဘူးသေး..ဒီတိုင်းဆွဲသွားတို့ဘာတို့လောက်သာ လုပ်ဘူးပြီး..လက်ကလေးကိုသေချာစွာဆုတ်ကိုင်ဘူးခြင်းမရှိ...

" မဟုတ်ပါဘူး ကလေးရဲ့ ရတာပေါ့ ဘယ်ချိန်ဆက်ဆက်ရတယ် ဦးဂျွန်က မျှော်နေတာ အချိန်တိုင်း "

" ဒီနေ့ sunday လေ ဦးဂျွန် အားတယ်မဟုတ်လား "

Sunday ဆိုပေမယ့် CEO တယောက်အနေနဲ့ လုံးဝမအား အားတဲ့နေ့ဆိုတာ သူမှာမရှိ.ဒီနေ့လည်း အခြားလုပ်ငန်းရှင်တွေနဲ့တွေ့ဖို့ရှိသည်..ဒါကိုမအားပါဘူးဆိုပြီး အသစ်ဆက်ဆက်ချစ်သူလေးကိုလည်း မငြင်းရက် ဒါက ချစ်သူဖြစ်တဲ့အနေနဲ့ ပထမဆုံး ချိန်းတွေ့ဖို့များလေလားဆိုပြီး Jungkook တယောက်တွေးရခက်ပြန်တယ်..

" အားတာပေါ့ ကလေး ရဲ့"

" ကလေး စာကြည့်တိုက်သွားချင်လို့လေ အဲ့တာ
ဦးဂျွန် ကလေး ကို အချိန်ပေးနိုင်မလား "

Tae လေးဟာ မိဘတွေရဲ့သွန်သင်မှုရဲ့အောက်မှာကြီးပြင်းလာတဲ့ကလေးလေးတယောက်ဆိုတာ အပြောအဆိုလေးနဲ့တင် သိနိုင်တယ်.

ခုလည်း ချစ်သူတယောက်ဖြစ်ပေမယ့် လူကြီးတယောက်ကို ခွင့်တောင်းပုံလေးက အလွန်ပင်ချစ်ဖို့ကောင်းနေသည်..

တဖက်က တောင်းဆိုလာတဲ့ အသံလေးနဲ့ တင်အရည်ပျော်ကျလို့နေတဲ့ Jungkook မှာတော့ ရုပ်လေးသာမြင်ရပြီးတောင်းဆိုရင် အဲ့နားမှာတင် ခွေကျလဲသွားမယ့်အနေအထားမျိုး...

" ဦးဂျွန် ခဏနေထွက်ခဲ့မယ် အဆင်သင့်လုပ်ထားနော် ကလေး "

" ဟုတ် ဦးဂျွန် ကလေး စောင့်နေမယ်နော် "

Baby ( complete) Where stories live. Discover now