မနက်ကဖုန်းမဆက်သလို ခုချိန်ထိပါဖုန်းမဆက်သေးတာကြောင့် Taehyung တယောက် စာတောင်ကောင်းကောင်းမသင်နိုင် စာထဲလည်းစိတ်မဝင်စားကာ မနက်ထဲက သူငယ်ချင်းနှစ်ယောက်နဲ့ ကန်တင်းမှာမုန့်စားကြတော့လည်း သူသိပ်မစားဖြစ် ဘာလို့များ ဖုန်းမဆက်တာပါလိမ့်ဆိုပြီး အတွေးပေါင်းများစွာနဲ့ပင်..သူဘက်က ဆက်ကြည့်ပြန်တော့လည်း တဖက်ကမကိုင်တာကြောင့် အတွေးတို့က ပိုလို့ပင်နက်နဲလာတော့သည်..
နောက်ဆုံး လက်ကျန်မျှော်လင့်ချက်လေးဖြစ်တဲ့ Yoongi စီသူဖုန်းဆက်ကြည့်လိုက်တော့သည်..
" Hello Min Yoongi ပြောနေပါတယ် "
" ဟိုလေ ဦးဂျွန် ရှိလား "
" Taehyung လား "
" ဟုတ် "
" Jungkook နေမကောင်းလို့ ကုမ္မဏီတောင်မလာနိုင်ဘူးလေ မသိဘူးလား "
" ဗျာ "
Taehyung ရဲ့ ဗျာနဲ့အတူ ထိုင်နေရာကနေ မက်တပ်ထရပ်လိုက်တာကြောင့်ဘေးက သူငယ်ချင်းနှစ်ယောက်မှာ လန့်လည်းလန့်သွားသလို Taehyung ကိုလည်း ဘာဖြစ်လို့လည်းဆိုတဲ့ အကြည့်တို့ဖြင့်စိတ်ပူစွာကြည့်နေကြသည်..
" ကျွန်တော် သွားလိုက်ပါ့မယ် "
" အင်း Hyung လည်း သူမရှိတော့ အလုပ်တွေ အကုန် Hyung စီမံနေရတာကြောင့် သူ့စီမသွားနိုင်တာ အဲ့တာမနက်စာတောင်စားရသေးရဲ့လားမသိဘူး ကျေးဇူးပါ Taehyung ရေ "
" ရပါတယ် Hyung ဒါပဲနော် "
"Taehyung ဘာဖြစ်တာလည်း "
" Hobi Jimin ငါ ပြန်တော့မယ် ဦးဂျွန်နေမကောင်းလို့တဲ့ ငါသွားပြီ "
ခုံပေါ်ကလွယ်အိတ်ကိုကောက်လွယ်ကာ စကားကို အပြေးတပိုင်းပြောလို့သွားတာကြောင့် ကျန်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်မှာ ဘာမှတောင်ပြန်မပြောနိုင်တော့..ကားဂိတ်သို့လမ်းလျှောက်နေရင်း အမေဖြစ်သူစီဖုန်းဆက်ကာ ဆန်ပြုတ်ပြုတ်ပေးဖို့လှန်းပူဆာတော့သည်..
"သားပြော "
" omma ဦးဂျွန် နေမကောင်းလို့တဲ့ အဲ့တာသားကို ဆန်ပြုတ်ပြုတ်ပေးလို့ရမလား သားခုကျောင်းကပြန်လာနေပြီ ဝင်ယူမယ်လေ လုပ်ပေးထားနော် omma ဒါပဲနော် omma ကားလာပြီ"
