Book 33 Chapter 457

49 2 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၃)

အခန်း (၄၅၇) ရှီးလျန်မြို့တော်မှ အစပြုမည်

ကျယ်ယန်းတောင်ရှုမျှော်ခင်းသည် ရတနာတစ်ပါးကဲ့သို့ လှပလွန်းလေသည်။ မိုင်တစ်ရာပတ်၀န်းကျင်မှ မိုးမြေစွမ်းအားများသည် ကျယ်ယန်းတောင်သို့ လာရောက်စုစည်းနေကြလေသည်။ ထို့ကြောင့် ကျယ်ယန်းတောင်တွင်နေထိုင်သည့် ကျားနက်ကြီးမား ဝိညာဉ်စွမ်းအားပြည့်၀သည့် ကျားကြီးတစ်ကောင်ဖြစ်နေသည်မှာ အံ့သြစရာတော့မရှိပေ။

ဆန်းလျန်က ကျားနက်ကြီးကို ရပ်တန့်ရန် လည်ပင်းကိုအသာပုတ်ကာ အချက်ပြလိုက်သည်။ ထို့နောက် သူက အရှေ့သို့ လက်ညိုးတစ်ချက် ညွှန်ပြလိုက်ပြီး…

"အဲဒီမှာ ဘာလဲ"

ကျယ်ယန်းတောင်မှာ မိုးမြေစွမ်းအားများဖြင့် ပြည့်နေလေသည်။ တောင်၏ဖွဲ့စည်းပုံအရဆိုရင် တောင်၏အောက်ဖက်ပိုင်းတွင် ဝိညာဉ်ဂူများရှိသင့်လေသည်။ ထို့ကြောင့် ဆန်းလျန်ရှေ့တွင် မြင်တွေ့နေရသည့် အလင်းရောင်မှာ ဝိညာဉ်ဂူ ဟုတ် မဟုတ် မသေချာလှပေ။ အလင်းရောင်ရှိရာသို့ တောင်တစ်ခုလုံးမှ ဝိညာဉ်စွမ်းအားများစုဝေးနေသည့်တိုင် ထိုအရာသည် လူတစ်ယောက်ယောက်က ပြုလုပ်ထားသည့် အရံအတားတစ်ခုနှင့်တော့ ဆင်တူခြင်းမရှိပေ။

ကျားနက်ကြီးက ထိုအလင်းရောင်ရှိရာကို တစ်ချက်ကြည့်လိုက်ပြီး မာန်ဖီလိုက်လေသည်။

ကျားနက်ကြီး ဆိုလိုသည့်အဓိပ္ပါယ်ကို ဆန်းလျန်နားလည်လိုက်လေသည်။ ကျားနက်ကြီးပြောသည်မှာ ယခင်အချိန်များတုန်းက ဆန်းလျန်ကဲ့သို့သောလူတစ်ယောက်သည် ထိုနေရာတွင် နေထိုင်ခဲ့သည်ဟူ၍ ဖြစ်လေသည်။ ကျားနက်ကြီးသည် ထိုနေရာသို့ မသွားရဲသည့်အတွက် ထိုနေရာသည် မည်သို့သောနေရာဖြစ်သည်ကိုတော့ သိရှိခဲ့ခြင်း မရှိပေ။

ဆန်းလျန်သည် အလင်းရောင်ထွက်ပေါ်နေရာသို့ ငေးကြည့်နေပြီး ထိုနေရာသည် ထူးဆန်းသည်ဟု ခံစားလိုက်မိလေသည်။ သို့သော် နေလည်း၀င်တော့မည်ဖြစ်သည့်အတွက် ထိုနေရာသို့ မသွားတော့ရန်ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် ထပ်လာလျှင်လည်း ရသည်ပဲလေ။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now