Book 31 Chapter 431

59 3 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)

အခန်း (၄၃၁) ရွှေးခြယ်မှု

ကျန်းရော့ရွှီးက ကျောက်သားကဲ့သို့ မာကျောသည့် ဝါးပင်များကို ပုဆိန်ဖြင့်ခုတ်ဖြတ်လိုက်သံသည် ဆန်းလျန်၏ အသံမဲ့ပုလွေသံတေးသွားနှင့်ပေါင်းစပ်သွားသည့်အခါ ယန်ရွှီး၏ စိတ်ကို မတည်မငြိမ်ဖြစ်သွားစေလေသည်။ ယန်ရွှီး၏ စိတ်သည် ကကြိုးရှုတ်သည့် ရုပ်သေးရုပ်အလား ရှုတ်ထွေးကုန်တော့သည်။

ပြင်ပကမ္ဘတွင်တော့ အမှောင်ထုများက တဖြည်းဖြည်းပျံ့နှံလာနေပြီး ရွှေရောင်နတ်စစ်သည်များကလည်း အဆက်မပြတ် ထွက်ပေါ်လာနေဆဲ ဖြစ်လေသည်။

ဟွမ်ကျန်းမှာ ဒဏ်ရာများ သက်သာလာပြီဖြစ်သည့်အတွက် ယွိမင်နတ်ဘုရားအတွက် အနည်းငယ် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်သည်။

ယန်ရွှီး၏ အမူအရာ အနည်းငယ်ပျက်ယွင်းသွားမှုကြောင့် ဆရာတပည့်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ အသံမရှိမဲ့ပုလွေသံတေးသွားသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သူတို့နှစ်ယောက်လုံး မသိကြသော်လည်း ထိုတေးသွားက ယန်ရွှီးကို တည်ငြိမ်မှုပျက်ပြားစေ ခဲ့ကြောင်း သူတို့သိလိုက်သည်။

သူတို့က ထိုအခွင့်အရေးကိုအသုံးချကာ ထိုးဖောက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

ဟွမ်ကျန်းက သူ၏အတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ရာ ပြင်းထန်သည့်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး မုန်တိုင်းက ပတ်၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ထိုမုန်တိုင်းကြီးအောက်တွင် ရွှေရောင်နတ်စစ်သည် များစွာ အသက်ပျောက်ကုန်ကြရတော့သည်။

ထို့နောက် ဆရာတပည့်နှစ်ယောက်သည် နတ်စစ်သည်များဆီသို့ ပြိုင်တူခုန်၀င်ကာ ထိုးဖောက်တိုက်ခိုက်လိုက်ကြလေတော့သည်။

ယန်ရွှီးသည် အနက်ရောင်တိမ်တိုက်ပန်းပွင့်ကြီးထက်တွင် မျက်လုံးများမှိတ်ထားရင်း မတ်တပ်ရပ်နေလေသည်။ အသံမဲ့တေးသွားသည် သူ့နားထဲတွင် စူးရှကျယ်လောင်စွာ မြည်ဟီးနေလေ၏။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon