Uni
အခန်း (၄၈၈) မတည်ငြိမ်သောနှလုံးသား
ဝူတင်သည် တံတားလက်တန်းကို မီပြီး ရပ်နေလေသည်။ ဆန်းလျန်၏ ကြယ်တာရာ စွမ်းအားများကို မြင်တွေ့လိုက်ရ သည့်အတွက် သူ၏ကိုယ်တွင်းမှ ကြယ်စင်စွမ်းအား များမှာလည်း ပေါက်ကွဲ ထွက်လာပြီး မြန်နှုန်းမြင့် အလင်းအလျင်ဖြင့်ခန္ဓာကိုယ်ထဲတွင် လှည့်ပတ် နေလေသည်။
တန်ခိုးစွမ်းအာများ၏ ဒဏ်ကို မခံနိုင်ဘဲ ဝူတင်၏မျက်နှာသည် ရှုံ့မဲ့လျှက်ရှိလေသည်။
ဆန်းလျန်သည် ဝူတင်၏ အခြေအနေကို အနီးကပ်အာရုံစိုက်ကာ လေ့လာနေခဲ့လေသည်။
ကံကောင်း ထောက်မစွာဖြင့်ပင် ဝူတင်သည် သိုင်းပညာ တော်သည့် လူငယ်တစ်ယောက် ဖြစ်သည့်အတွက် သူ၏ အတွင်းအားများကို အသုံးပြုကာ ကြယ်စင် စွမ်းအားများကို အချိန်မီ ရပ်တန့်သွားအောင် ထိန်းချုပ် နိုင်ခဲ့လေသည်။
ခဏအကြာတွင်တော့ ဝူတင်၏ ကိုယ်ပေါ်သို့ သက်ရောက်နေသည့် ဆန်းလျန်၏ ကြယ်တာရာ စွမ်းအားများမှာ တဖြည်းဖြည်း လွင့်ပြယ် သွားလေသည်။ သူ၏ ပျံသန်းကြယ်စဉ် တန်ခိုးစွမ်းအား များမှာလည်း တဖြည်းဖြည်း ရပ်တန့် သွားလေသည်။
ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဝူတင်၏ သွေးကြောဆုံချက်များ အားလုံးဆီသို့ အေးစိမ့်သည့် လေအေးတစ်ခုက စီးဆင်း ဝင်ရောက် သွားလေသည်။ စောစောက ဖြစ်ပျက်ခဲ့သည့် သူ၏ကိုယ်တွင်းမှ ကြယ်စင်စွမ်းအား ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် သွေးကြောများသည် ချက်ချင်းပင် ပြန်လည် ကောင်းမွန်သွား ခဲ့လေသည်။
ဝူတင်မှာ ယခုမှ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်နိုင်ပြီး သူ၏ တန်ခိုးစွမ်းအားများကို လျှော့ချ လိုက်လေသည်။
သူက ဆန်းလျန်ကို ချက်ချင်း ဂါရဝပြုလိုက်ပြီး...
"ကျေးဇူးတင်ပါတယ် မင်းသားလေး"
ဆန်းလျန်ကပြုံးလိုက်ရင်း...
"ကျုပ်တို့နဲ့ တော်ဝင်ကျောင်းတော်ကို လိုက်ခဲ့ပါ"
"မြင်းလာဆွဲ..."
လေ့ကျင်းက ဝူတင်ကို လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။

ESTÁS LEYENDO
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
FantasíaZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024