Book 35 Chapter 492

18 1 0
                                    

Uni

အခန်း (၄၉၂) သဲမုန်တိုင်း

တိချိုးမြို့တော်၊ တာ့ရှားဧကရာဇ် နေထိုင်ရာ ဝမ်ချန်နန်းတော် အတွင်းမှ စိမ်းပြာရောင် ဧရာမလက်ကြီး တစ်ဖက် ထွက်ပေါ် လာလေသည်။ ထိုလက်ကြီးမှ ကြောက်မက်ဖွယ်ရာ တန်ခိုး စွမ်းအားများ ထွက်ပေါ်နေပြီး တိချိုးမြို့တော်မှ ကျင့်ကြံသူများ အားလုံးမှာ တုတ်တုတ်မျှပင် မလှုပ်ရဲကြပေ။ ထိုလက်ကြီးမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်တွင်းမှ တန်ခိုးစွမ်းအားများ အားလုံးကို ဖိနှိပ် ထားသကဲ့သို့ ရှိတော့သည်။

တိချိုးမြို့တော် အတွင်းမှ တော်ဝင်မျိုးနွယ်များ ပြောဆိုလိုက်သည့် "အတင့်ရဲလိုက်လေ" ဆိုသည့် အသံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။

စိမ်းပြာရောင် ဧရာမလက်ကြီးမှာ လျင်မြန်စွာ ပျံသန်းလာသည့် တောင်မြင့်ကြီးကို ရက်စက်သည့် လက်သီးချက် တစ်ချက်တည်းဖြင့် ထိုးခွင်း ပစ်လိုက်လေသည်။

အလွန်မှ ရက်စက်လွန်းသည့် လက်သီးချက် ဖြစ်လေသည်။

သို့သော်.... ကြယ်တာရာ စွမ်းအားများဖြင့် ပြည့်နက်လျက်ရှိသည့် တောင်မြင့်ကြီးကို စိမ်းပြာရောင် ဧရာမလက်ကြီးသည် ထိုးခွင်းနိုင်ခြင်း မရှိခဲ့ပေ။

ယိုဟူအိမ်တော်၏ ခေါင်းဆောင် လေ့ဟုန်သည် တောင်မြင့်ကြီးကို အမှုန့်ဖြစ်အောင် ထိုးခွင်းနိုင်ခြင်း မရှိခဲ့ပေ။

ပြင်းထန်လွန်းသည့် လက်သီးချက်ကြောင့် တောင်မြင့်ကြီးသည် သိမ့်ခနဲ တစ်ချက်မျှသာ တုန်ခါ သွားလေသည်။

တိချိုးမြို့တော်မှ တော်ဝင် မိသားစုများသည် ထိုအဖြစ်အပျက်ကို စူးစိုက် ကြည့်နေ ကြလေသည်။ တော်ဝင်မိသားစုများ မဟုတ်သည့် အပြင်လူ တစ်ယောက်က တိချိုးမြို့တော်တွင် ယခုကဲ့သို့ တန်ခိုးပြရဲသည်မှာ တာ့ရှားပြည်ကို အလွန်မှ အရှက်ရစေသည့် ကိစ္စ ဖြစ်လေသည်။ ထိုကျင့်ကြံသူသည် တာ့ရှားဧကရာဇ်၏ အမျက်ဒေါသဖြင့် "ကြိုဆိုခြင်း" ကိုသာ ခံရပေလိမ့်မည်။

ဝမ်ချန်နန်းတော်...

ရှားထိုက် အကျဉ်းထောင်တွင် သားရေဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ရှိနေလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Donde viven las historias. Descúbrelo ahora