Book 35 Chapter 489

22 1 0
                                    

Uni

အခန်း (၄၈၉) မပြေလည်နိုင်သော

"အမှန်ပဲ၊ ဝူတင်ကျင့်ကြံနေတဲ့ ကျင့်စဉ်က ကြယ်တာရာ စွမ်းအားတွေနဲ့ ပတ်သက်နေတယ်၊ ကျုပ်အဲဒီ ကျင့်စဉ်ကို သုံးသပ်ပြီး သူ့ကိုယ်ထဲက စွမ်းအားတွေကိုတောင် ကျုပ်က ပြန်လည် ညှိနှိုင်းပေးခဲ့တယ်၊ ဒါပေမဲ့ ဒီလိုကျင့်စဉ်မျိုး ကို တွေ့ဖူးတာတော့ ပထမဆုံးပါပဲ"

ဆန်းလျန်က ကွမ်းလုန်ကျီကို တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

ဝူတင်က ဆန်းလျန်နှင့် ကွမ်းလုန်ကျီ၏ စကားများကို ဂရုတစိုက် နားထောင် နေလေသည်။ သူ၏ ကျင့်စဉ် အကြောင်းကို ယခုကဲ့သို့ ရှင်းလင်း ပြနိုင်သူဆို၍ သူ့ကို သင်ကြားပေးသည့် ဆရာပြီးလျှင် ဆန်းလျန်နှင့် ကွမ်းလုန်ကျီ သာလျှင် ရှိလေသည်။

ကွမ်းလုန်ကျီက သူ၏ မုတ်ဆိတ်မွေးများကို တစ်ချက် သပ်လိုက်ရင်း...

"ဒီလိုကျင့်စဉ်မျိုးက ကတယ့်ကိုရှားပါးတာပဲ၊ ဒါပေမဲ့ မရှိနိုင်ဘူး ဆိုတာတော့ မဟုတ်ဘူး၊ ကျင့်ကြံသူ အများစုဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ အဆင့်တစ်ခုကို ရောက်ကြရစမြဲပဲ၊ "တာအိုနဲ့ တစ်သားတည်း ကျခြင်း" ဆိုတဲ့ အဆင့်ပေါ့၊ အဲဒီလိုတာအိုနဲ့ တစ်သားတည်း ကျသွားတဲ့လူမျိုးက ဘယ်လောက် တန်ခိုးစွမ်းအားကြီးလဲ ဆိုတာ ဆန်းသခင်လေးက အသိဆုံးနေမှာပါ"

ဆန်းလျန်က ပြုံးပြီး ခေါင်းညိတ် ပြလိုက်လေသည်။ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည့် အတွက် ထိုအကြောင်းကို သူ ကောင်းကောင်း သိလေသည်။ ချန်ပေသိုနှင့် တိုက်ခိုက်သည့် တိုက်ပွဲတွင် ထိုအဆင့်သို့ သူရောက်ရှိသွားခဲ့ပြီး ကျောက်စိမ်း ကျိုင်းတံကို ကိုင်ဆောင်ထားသည့် မူလနတ်ဘုရား လင်ပေါင်ထျန်းကျွင်းအရှင်ပင် ထွက်ပေါ်လာခဲ့သည် မဟုတ်ပါလား။

ထိုသို့ တာအိုနှင့် တစ်သားတည်း ကျသွားသည့် အချိန်ကာလသည် တိုတောင်းလွန်းသည့်တိုင် တစ်သက်စာ မမေ့နိုင် ကောင်းသည့် အတွေ့အကြုံ တစ်ခုပင် ဖြစ်လေသည်။

တာအိုကျင့်စဉ် လမ်းတွင် ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုသည် လူ့ဇာတိ သက်သက်မျှသာ ဖြစ်လေသည်။ ထိုလူ့ဇာတိ ဖြစ်သည့် ရုပ်န္ဓာသည် လူတစ်ယောက်၏ ကျင့်စဉ်လမ်း အခြေခံ အုတ်မြစ်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ သာမန်လူများသည် မွေးဖွားလာပြီး သေဆုံး သွားကြလေသည်။ နတ်ဘုရားများကတော့ မူလဝိညာဉ်ခန္ဓာ ရရှိသည် အထိ ကျင့်ကြံနိုင်ကာ ဝိညာဉ် စွမ်းအားများကို ထိန်းသိမ်း ထားနိုင်ကြလေသည်။ ထို့ကြောင့် ကောင်းကင်ဘုံ နန်းတော် မျိုးဆက်နှစ်ဆက်မှ ပထမမျိုးဆက် မိုးနတ်မင်းနှင့် ဒုတိယမျိုးဆက် မိုးနတ်မင်း ပျောက်ဆုံး သွားသည့်တိုင် သူတို့သည် ပျက်စီးသွားခြင်း ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ သူတို့ ပျက်စီး သေဆုံးသွားသည်ဟု ပြောရန်မှာ ခက်ခဲလှလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon