Book 36 Chapter 499

18 0 0
                                    

Uni

အခန်း (၄၉၉) ဝိညာဉ်စွမ်းအားနှင့် မိစ္ဆာစွမ်းအား ကွာခြားမှု

လေ့ကျင်းသည် ဓားကို ကိုင်လိုက်မိသည်နှင့် ပိုပြီး သန်မာလာသလို ခံစား လိုက်ရလေသည်။ ထို့ပြင် ယခုဓားသည် ယခင်က ဓားနှစ်လက်ထက် အသက်ဓာတ် စွမ်းအားများလည်း ပိုမိုပြည့်ဝ နေလေသည်။

"ဆရာ... ကျွန်မ မေးစရာရှိတယ်"

လေ့ကျင်းက မေးလိုက်သည်။

ဆန်းလျန်က ဓားကို သူ၏ အင်္ကျီရင်ပတ် အတွင်းသို့ထည့်ကာ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် သူက ခြေအိတ်နှင့် ဖိနပ်များကို ချွတ်ကာ ခြေထောက်ကို စမ်းရေထဲသို့ ချထား လိုက်လေသည်။ စီးဆင်းနေသည့် စမ်းရေသည် သူ့ခြေထောက်ကို သန့်စင်သွားအောင် ဆေးပေးနေသည့် အလားပင်။

ဆန်းလျန်က မျက်ရိပ်ပြလိုက်တော့ လေ့ကျင်းက ဆန်းလျန်ဘေးတွင် ဝင်ထိုင် လိုက်လေသည်။ ဆရာတပည့် နှစ်ယောက်သည် စမ်းရေထဲတွင် ခြေထောက်များ ရေစိမ်ရင်း စမ်းချောင်းလေး နံဘေးတွင် ထိုင်လျှက်ရှိကြလေသည်။ အစပိုင်းတွင် လေ့ကျင်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း နောက်ပိုင်းတွင်တော့ သူမသည် ကြည်ကြည်လင်လင် ဖြစ်လာလေသည်။

စမ်းချောင်းအတွင်းမှ ကျောက်တုံးလေးများက အေးစိမ့်ပြီး သန့်ရှင်းနေလေသည်။ ဆန်းလျန် ဓားကို ထွင်းထုစဉ်က ထွက်ပေါ်လာခဲ့သည့် သစ်သား အမှုန်များမှာလည်း စမ်းရေနှင့်အတူ မျောပါသွားလေသည်။

ဆန်းလျန်က သူ၏ တပည့်မလေးကို လှည့်ကြည့်လိုက်ရင်း...

"ဘာမေးမှာလဲ ... မေးလေ"

လေ့ကျင်းသည် စမ်းရေအေးက သူမ၏ခြေဖဝါးများကို ထိတွေ့သွားသည်ကို ခံစား နေရလေသည်။ စမ်းရေအတွင်းမှ ဝိညာဉ် စွမ်းအားများသည် ခြေဖဝါးမှ တစ်ဆင့် သူမ၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်လာလေသည်။ သွေးလည်ပတ်မှု အားကောင်းလာပြီး သက်သောင့်သက်သာ ရှိလာလေသည်။

"ဆရာ... ဘာလို့ သစ်သားဓားတွေ လုပ်နေရတာလဲ၊ အပျော်သက်သက် လုပ်နေတာလား၊ ပြီးတော့ ကျွန်မသိချင် တာက ဒီလို သက်မဲ့သစ်သားဓားမျိုးက ဘာလို့ အသက်ဝင်နေရတာလဲ၊ အရင်နေ့တွေတုန်းက ဆရာလွှင့်ပစ် လိုက်တဲ့ သစ်သားဓားနှစ်လက်ကို ကျွန်မကောက်ထားတာ၊ အဲဒီဓားတွေက ညဘက်ဆိုရင် အသက်ရှူနေတယ်လို့ ခံစားရတယ်၊ အရမ်းတော့ မသိသာပေမယ့် သူတို့မှာ အသက်ရှိနေသလိုပဲ"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now