Book 35 Chapter 491

32 1 0
                                    

Uni

အခန်း (၄၉၁) တောင်ကိုဖန်ဆင်းခြင်း

လေ့ကျင်း အိပ်ပျော်ရာမှ နိုးလာသည့် အချိန်တွင် မိုးမလင်းသေးပါ။


လေ့ကျင်းမှာ ဆန်းလျန်ကို ကြည့်ရင်း နှလုံးသား တစ်ခုလုံး တဖြုတ်ဖြုတ် ကြွေကျ နေတော့သည်။ ဆရာဖြစ်သူကို ပြစ်မှားချင်နေမိသည့် သူမ၏ စိတ်များကို မနည်း ထိန်းထားရလေသည်။

သို့သော် သူမ သတိထားမိသည့် အချက် တစ်ခုမှာ ဆန်းလျန်၏အသက်ရှူသံကို သူမ မကြားရခြင်းပင် ဖြစ်လေသည်။

လူတစ်ယောက် အသက်မရှူဘူး ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်။ လေ့ကျင်းသည် သလွန်ထက်တွင် မှေးဆက်နေသည့် ဆန်းလျန်အနားသို့ တဖြည်းဖြည်း တိုးကပ် လာလေသည်။ ထို့နောက် ဆန်းလျန်၏ မျက်နှာနားသို့ တိုးကပ်ကာ အသက်ရှူသံကို သေသေချာချာ နားထောင်လိုက်သည်။ သာမန်လူသားများထက် အဆတစ်ထောင်ခန့် ငြိမ်သက်နေသည့် အသက်ရှူသံ မျှင်းမျှင်းလေးကို သူမ ကြားလိုက်ရလေသည်။ ထိုအသက်ရှူသံသည် လှပသည့် တေးသံသာ တစ်ခုနှင့်ပင် ဆင်တူနေလေသည်။

ဆန်းလျန်သည် ပါးစပ်နှင့် နှာခေါင်းအစား သူ၏ ခန္ဓာကိုယ်ထက်မှ မွေးညင်းပေါက်လေး များဖြင့် အသက်ဓာတ်ကို စုပ်ယူကာ အသက်ရှူနေခြင်း ဖြစ်လေသည်။

တာအိုကျင့်ကြံသူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းမှ အသက်ရှူခြင်းကို ပြင်ပမှ အသက်ရှူခြင်းဟု ခေါ်ပြီး မွေးညင်းပေါက်လေးများမှ အသက်ရှူခြင်းကိုတော့ ကိုယ်တွင်းမှ အသက်ရှူခြင်းဟု ခေါ်လေသည်။ ရွှမ့်ဝူဟုခေါ်သည့် နတ်ဘုရားလိပ်ကြီးသည် ထိုနည်းဖြင့် အသက်ရှူကာ အသက်ရှည်ရှည်နေခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်မှာ မွေးညင်းပေါက်လေးများမှ အသက်ရှူနေသည့် အတွက် မိုးမြေ စွမ်းအားများကလည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်နေလေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားအောက်တွင် မိုးမြေစွမ်းအားများမှာ တဖြည်းဖြည်း သန့်စင်လာပြီး သံကို မီးပြင်းပြင်းဖြင့် သံမဏိရသည်အထိ သန့်စင်သည်နှင့်ပင် တူလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now