Book 34 Chapter 470

33 2 0
                                    

Uni

အခန်း (၄၇၀) ရွှမ်ကျန်းကျောင်းတော်

ဆန်းလျန်က လျိုမုန့်တယ်၏ အမေးကို တိုက်ရိုက်မဖြေခဲ့ပါ။

"မင်းကျင့်ကြံထားတဲ့ ပညာရပ်က မိုးမြေစွမ်းအား အနှစ်သာရတွေကို ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်ပြီး မီးတောက်တစ်ခု ဖန်ဆင်းတာပဲ၊ အဲဒီ မိုးမြေစွမ်းအား အနှစ်သာရတွေနဲ့ ဝိညာဉ်စွမ်းအား ပေါင်းစပ်နိုင်မှုဟာ သိပ်ကိုအရေးကြီးတယ်၊ အဲဒီကျင့်စဉ်ကို တခြားသူတွေ ကျင့်ကြံဖို့ မလွယ်ကူနိုင်ဘူး၊ မင်းရဲ့ကျင့်စဉ် ပထမအဆင့်မှာပဲ ဒြပ်စင်စွမ်းအား သုံးမျိုးကို အသုံးပြုရမယ်၊ ပထမအဆင့် အောင်မြင်ရင်ကို မင်းရဲ့တန်ခိုးစွမ်းအားတွေက သိပ်ကို မြင့်မားနေပြီလို့ ဆိုနိုင်တယ်၊ ပြီးတော့ မင်းရဲ့ကျင့်စဉ် အောင်မြင်တာနဲ့ မင်းဟာ စစ်မှန်တဲ့ သမာဓိ မီးတောက်ကို ရရှိလိမ့်မယ်၊ အဲဒီအချိန်မှာ မင်းရဲ့ ကျင့်စဉ်လမ်းလည်း တိုးတက်လာလိမ့်မယ်၊ သစ်သားဒြပ်စင်ကနေ မီးတောက်ဖန်ဆင်းတဲ့ ကျင့်စဉ်ကတော့ မင်းနဲ့ တကယ်သင့်တော်တဲ့ ကျင့်စဉ်ပါပဲ"

လျိုမုန့်တယ်မှာ ထိုစကားများကို ကြားသည့် အခါတွင်တော့ ကျောရိုးထဲပင် စိမ့်သွားရတော့သည်။

သူက ဆန်းလျန်မှာ အဆင့်မြင့် နတ်ဘုရား တစ်ပါးဖြစ်သည်ကို သိထားသည့်တိုင် ထိုမျှထိ အဆင့်မြင့်မားသူ တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ဆန်းလျန်ပြောသည့် စစ်မှန်သည့်သမာဓိ မီးတောက်မှာ သူကျင့်ကြံနေသည့် ကျင့်စဉ် နောက်ဆုံးအဆင့်တွင် ရရှိရမည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။

သူ၏ဆရာက သူသည် သာမန်ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည်ဟု အစပိုင်းက ပြောခဲ့ဖူးလေသည်။ ထို့ကြောင့် တာအို မဟာကျင့်စဉ် လမ်းသို့ ရောက်လိုလျှင် ထူးခြားသည့် လမ်းကို ရှာဖွေရမည် ဖြစ်လေသည်။ သူသာ စစ်မှန်သည့် သမာဓိ မီးတောက်ရသည့် အဆင့်ထိ ကျင့်ကြံနိုင်ခဲ့လျှင် သူကိုယ်တိုင် အောင်မြင်မည်သာမက မဟာတန်ခိုးရှင်တံပါးဖြစ်လာမည်ဖြစ်ပြီး သူ၏မျိုးဆက်သည် နတ်မိစ္ဆာများအလယ်တွင် တော်ဝင်မျိုးနွယ် ဖြစ်လာမည် ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ