Uni
အခန်း (၄၉၄) မင်းဆိုးမင်းညစ်
တာ့ရှား ဧကရာဇ်မှာ ပေါက်ကွဲလုနီးပါး ဒေါသများကို ထိန်းချုပ် ထားရလေသည်။ သူ့ကို ကြည့်ရသည်မှာ မုန်တိုင်းမကျခင် ငြိမ်သက် နေခြင်းမျိုးနှင့် တူလေသည်။
နန်းတော်ရင်ပြင်တွင် ဒူးထောက် ဝပ်တွားနေသည့် လေ့နော်မှာ စိတ်များ ရှုပ်ထွေးလျက် ရှိတော့သည်။ သူ့အနေဖြင့် တာ့ရှားဧကရာဇ်၏ ဒေါသကို အကြိမ်ပေါင်များစွာ တွေ့မြင် ခဲ့ဖူးလေသည်။ ဧကရာဇ်မင်း ဒေါသသင့်လျှင် မည်သူမျှ သက်သာရာရမည် မဟုတ်ပေ။
လေ့ဟုန်သည် တော်ဝင်မျိုးနွယ် ခေါင်းဆောင် တစ်ယောက် ဖြစ်သလို နန်းတွင်း အမတ်မင်း တစ်ယောက်လည်း ဖြစ်လေသည်။ သူ့အနေဖြင့် တာ့ရှားဧကရာဇ် ဒေါသထွက်နေသည့် အချိန်တွင် ရှေ့သို့ မထွက်လိုသည့်တိုင် လေ့နော်မှာ သူ၏ သားအရင်း ဖြစ်နေသည့် အတွက် သားဖြစ်သူကို ကာကွယ်ရန် အရှေ့သို့ ထွက်လိုက်ရခြင်း ဖြစ်လေသည်။
တာ့ရှားဧကရာဇ်၏ မျက်နှာသည် အနည်းငယ် ကြည်ကြည်လင်လင် ဖြစ်လာလေသည်။
"ဒီနေ့ လေ့ဘိုးဘိုးကိုယ်တိုင် မင်းအတွက် တောင်းပန်ပေးမှတော့ အသက်ချမ်းသာ ပေးလိုက်မယ်၊ ထပါ..."
လေ့နော်သည် ဝပ်တွားနေရာမှ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး ဖခင်ဖြစ်သူ လေ့ဟုန်နောက်တွင် ပြန်ရပ် နေလိုက်လေသည်။
တာ့ရှားဧကရာဇ်က ခစားနေကြသည့် အမတ်မင်းများ၊ တော်ဝင်မျိုးနွယ်များနှင့် အခြားသူများ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း...
"ဒီပုဂ္ဂိုလ်ရဲ့တန်ခိုးစွမ်းအားက တကယ်နက်ရှိုင်းလွန်းတယ်၊ သူက ပုန်းကွယ်နေတယ် ဆိုတော့ သူ့ကို ဖမ်းဆီးနိုင်ဖို့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဒီနေ့ ငါကိုယ်တော် မောင်မောင်းတို့အားလုံးကို ဆင့်ခေါ်လိုက်တာက ဒီကိစ္စကြောင့်တော့ မဟုတ်ဘူး"
တာ့ရှားဧကရာဇ်၏ စကားကြောင့် အမတ်မင်းများနှင့် မင်းမျိုးမင်းနွယ်များမှာ အံ့သြ သွားကြလေသည်။
တာ့ရှားဧကရာဇ်၏ အပြုအမူများကို သူတို့နားမလည် နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ တာ့ရှားဧကရာဇ် ဖြစ်ချင်သည့် ဆန္ဒများကို လုပ်ပေးမည်ဟုသာ သူတို့ ဆုံးဖြတ် ထားကြလေသည်။
YOU ARE READING
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
FantasyZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024