Book 32 Chapter 448

54 2 0
                                    

Uni

အခန်း (၄၄၈) မိုးနှင့်မြေ တစ်သားတည်း

ရေနဂါးကြီး မျက်လုံးမှိတ်လိုက်သည့် အချိန်မှာပင် ဆန်းလျန်သည် သူ၏ ဦးခေါင်းထက်ရှိ အထွတ်ထိပ် ဆုံချက်ကိုဖွင့်ကာ ရောင်စုံအလင်းတန်းများ ဖြာလင်းလာပြီး ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာသွားလေသည်။ ဆန်းလျန်သည် မိုးတိမ်ကို စီးထားပြီး သူ၏ ခန္ဓာကိုယ်မှာ ကြယ်တာရာ စွမ်းအားများသည် အဆုံးမဲ့ လင်းလက် တောက်ပ နေလေသည်။

ဆန်းလျန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လေနှင့်မိုးသည် ချက်ချင်းပင် ငြိမ်သက် သွားလေတော့သည်။

ရေနဂါးကြီးမှာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထိတ် သွားလေသည်။ ဆန်းသခင်လေး၏ တန်ခိုးစွမ်းအားများမှာ ယုံနိုင်စရာပင် မရှိပေ။ လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် မုန်တိုင်းကိုပင် ငြိမ်သက် သွားစေသည် မဟုတ်ပါလား။

ထို့နောက် ဆန်းလျန်သည် ရေနဂါးကြီး ဦးခေါင်းထက်သို့ ပြန်လည် ဆင်းသက်လာပြီး ခရီး ဆက်ခဲ့ကြလေသည်။

ထိုအချိန်တွင်...

ပင်လယ်ပြင်ထဲတွင် အလွန်မြင့်မားသည့် တောင်တစ်လုံးကို ရေနဂါးကြီး မြင်တွေ့ လိုက်ရလေသည်။

ရေနဂါးကြီးမှာ မျက်မမြင် တစ်ယောက်မဟုတ်ပါ။ သို့သော်... ထိုတောင်မြင့်ကြီးကို ယခင်က သူမြင်တွေ့ခြင်း မရှိဘဲ ယခုမှ ရုတ်တရက် ပေါ်လာခြင်း ဖြစ်လေသည်။

တောင်မြင့်ကြီးကို ကြည့်ပြီး ရေနဂါးကြီး၏စိတ်ထဲတွင် ပျော်ရွှင် သွားလေသည်။ ရေနဂါးကြီးက သူ၏ နဂါးပါးစပ်ကြီးကိုဖွင့်ကာ စကားပြောလိုက်သည်။

"ဆန်းသခင်လေး၊ ဒီတောင်ကြီးက လင်ထိုင်ဖန်းကျွမ်း တောင်လား"

ဆန်းလျန်က ရေနဂါးကြီး၏ ဦးခေါင်းထက်တွင် တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးများကို မှိတ်ထားလေသည်။

ရေနဂါးကြီး၏ အမေးစကားကို ကြားမှ ဆန်းလျန်က မျက်ဝန်းကို အသာ ဖွင့်ကြည့်လိုက်သည်။

သူက ရယ်မောလိုက်ရင်း....

"မင်း မြင်နေရတယ်ဆိုရင် အဲဒါ လင်ထိုင်ဖန်းကျွမ်းတောင် မဟုတ်သေးဘူး"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Donde viven las historias. Descúbrelo ahora