Uni
အခန်း (၅၀၁) အဖြူရောင်မင်းကြီး၏သားတော်
အော်လိုက်သည့် ငှက်မှာ မည်းနက်နေသည့် ဇာမဏီငှက်တစ်ကောင် ဖြစ်လေသည်။ ဆန်းလျန်သာ ထိုငှက်ကိုတွေ့လျှင် ချမ်းမော့နှင့် အလွန်ဆင်တူသည်ဟု တွေးမိမည် ဖြစ်လေသည်။ ချမ်းမော့နှင့် အရောင် မတူသည့်တိုင် ပုံသဏ္ဌာန်တူညီ လေသည်။ အထူးသဖြင့် ထိုငှက်၏ မျက်လုံးများသည် ချမ်းမော့၏ မျက်လုံးများနှင့် တစ်ထပ်တည်း ဖြစ်လေသည်။
ထိုငှက်အော်သံကိုကြားသည်နှင့် ယင်းလုန်က တစ်ချက် ကြုံးဝါးလိုက်ပြီး ဇာမဏီငှက်ရှိရာသို့ မုန်တိုင်းတစ်ခု အလား ဝင်ရောက် သွားတော့သည်။ နဂါးတစ်ကောင် အသက်ရှူလိုက်လျှင် မုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပြီး ကျောက်စိမ်းတောင်ကိုပင် ဖြိုဖျက် ပစ်နိုင်စွမ်း ရှိသည်ဟု အဆို ရှိကြလေသည်။
အနက်ရောင် ဇာမဏီငှက်က အတောင်ကို တဝုန်းဝုန်း ခတ်လိုက်လေရာ နဂါးမုန်တိုင်းမှာ ပျောက်ကွယ် သွားရလေသည်။ ဇာမဏီငှက်၏ လက်သည်းများသည် သံမဏိတိုင်ကြီးများကို ဆွဲကုတ် ထားလေသည်။ အသူရာချောက်မှ မီးတောက်ကို ဇာမဏီငှက်က စုပ်ယူလိုက်ပြီး ယင်းလုန်ကို မီးဖြင့် မှုတ်ပစ်လိုက်လေသည်။
ယင်းလုန်သည် မြင့်မြတ်သည့် နဂါးမျိုးမှ ဆင်းသက်လာသည့် နဂါးတစ်ကောင် ဖြစ်လေသည်။ သူ၏တန်ခိုးစွမ်းအားက နှစ်ပေါင်း တစ်သောင်း ကျင့်ကြံထားသည့် ကျင့်ကြံသူနှင့် ညီမျှလေသည်။ သာမန်အဆင့်လောက် ကျင့်ကြံသူများသည် သူ့ကို ဒူးထောက် ဦးညွတ်ကြရမည့် အနေအထား ဖြစ်လေ၏။
သို့သော်... အနက်ရောင် ဇာမဏီငှက်ကတော့ ယင်းလုန်ကို တစ်စက်ကလေးမှ မကြောက်ပေ။ မီးဖြင့်အမှုတ်ခံ လိုက်ရသည့် ယင်းလုန်သည် ခဏတာမျှ ကြုံးဝါး အော်ဟစ်နေပြီး နဂါးကန် အတွင်းသို့ ပြန်ဆင်း သွားလေတော့သည်။
အနက်ရောင် ဇာမဏီငှက်သည် တာ့ရှားဧကရာဇ်ကို လှည့်ကြည့်လိုက်ပြီး ပါးစပ်ကို ဟလိုက်လေသည်။ ထိုအခါ သူ၏ ပါးစပ်အတွင်းမှ စာတစ်စောင် ထွက်ကျလာလေသည်။ ရွှေပေလွှာ ထက်တွင် ရှေးဟောင်း လက်ရေးများဖြင့် ရေးသားထားသည့် စာတစ်စောင် ဖြစ်လေသည်။ ထိုစာကို တာ့ရှားဧကရာဇ်က ဖမ်းယူလိုက်သည်။
VOUS LISEZ
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
FantasyZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024