Book 34 Chapter 469

38 1 0
                                    

Uni

အခန်း (၄၆၉) မက်မွန်ပန်းတွေပွင့်ပြီ

ဆန်းလျန်က ချန်ချင်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေလေသည်။ ထိုအကြည့်ကြောင့် ချန်ချင်မှာ စိတ်မသက်မသာ ဖြစ်မိသည်။

"အမေပြောမယ့် စကားကို သားက သိနေလို့လား"

သူမကမေးလိုက်သည်။

ဆန်းလျန်က နူးညံ့စွာ ရယ်မောလိုက်ရင်း...

"ဘာလဲ...၊ အမေက ကျွန်တော့်အတွက် ညီမလေးတစ်ယောက် မွေးပေးဖို့ စဉ်းစား နေတာမလား"

ချန်ချင်က သက်ပြင်း တစ်ချက်ချလိုက်ရင်း...

"အမေက သားကို ဆန့်ကျင်ပြီးဘာမှ မလုပ်ပါဘူး၊ သားက ရှီးလျန်မြို့တော်ရဲ့ သခင်တစ်ပါးဖြစ်လာချင်တယ်ဆိုရင် အမေဝမ်းသာမိမှာပါ၊ ဒါပေမဲ့ သားက အဲဒါမျိုးတွေကို စိတ်ဝင်စားတဲ့သူမှ မဟုတ်တာ"'

"အမေက ကျွန်တော့်အကြောင်း သိနေတာပဲ၊ ဘာလို့ ကျွန်တော့်ဆီက ခွင့်ပြုချက် တောင်းနေရတာလဲ၊ ညီမလေး ရလာမယ်ဆိုလည်း ကျွန်တော် ညီမလေးကို အတတ်နိုင်ဆုံး စောင့်ရှောက်မှာပါ"

ဆန်းလျန်၏စကားက ချန်ချင်၏ ရင်ထဲသို့ ထိရှ သွားလေသည်။ ဆန်းလျန်သည် အေးစက်ပုံ ရသည့်တိုင် နွေးထွေးသည့်နှလုံးသားကို ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်လေသည်။

"ဒေါ်လေးအငယ်ကတော့ ကုန်သည်တွေနဲ့အတူ တာ့ရှားပြည်ကို ပါသွားတာဆိုတော့၊ သူ့ကိုရှာဖို့နည်းနည်း ခက်တယ်၊ ဒါပေမဲ့ ကျွန်တော်နည်းလမ်းရှာမှာပါ၊ အမေစိတ်မပူပါနဲ့၊ နောက်နှစ်လောက်ဆို သူ့ကိုပြန်ရှာတွေ့မှာပါ"

ချန်ချင်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း...

"အမေလည်း အဲဒီကိစ္စ ပြောမလို့ပဲ..."

ဆန်းလျန်က ရယ်မောလိုက်ရင်း...

"ဒါဖြင့် အမေနောက်ထပ် ဘာပြောစရာ ရှိသေးလဲ..."

သူမပြောမည့် စကားများ အားလုံးကို ဆန်းလျန်က သိနေသည့် အတွက် ချန်ချင်မှာ အနည်းငယ် ရှက်သွားလေသည်။

သူမက ဆန်းလျန်နှင့် စကားစမြည် ပြောချင်သေးသည့်တိုင် မည်သည့် စကားပြောရမှန်း မသိတော့ပေ။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Donde viven las historias. Descúbrelo ahora