Uni
အခန်း (၄၉၇) ဓားသိုင်းတစ်ကွက်
အမှန်တော့ ဆန်းလျန် အသုံးပြုလိုက်သည့် ဓားဝိညာဉ်သည် ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်နှင့် ရဲ့လျိုယွင် ပေးခဲ့သည့် ငရဲလမ်းဓားဝိညာဉ်ကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ သို့သော်... မင်လော့က "ငရဲလမ်းဓားဝိညာဉ်နှင့် ယွမ်မရဏဓား" ဟု ပြောလိုက်သည်ကို ကြည့်ခြင်း အားဖြင့် ထိုစကားလုံးများသည် သူအသုံးပြုနေသည့် ဓားဝိညာဉ် များ၏ ဇာစ်မြစ်လေလားဟု ဆန်းလျန် စဉ်းစား လိုက်မိလေသည်။ သွေးနီပင်လယ်ထဲတွင် ဆရာဘိုးဘိုးယွမ်ချင်း၏ မရဏ ဓားဝိညာဉ်ကို အမွေဆက်ခံရရှိခဲ့သည့် အချိန်ကို သူ ပြန်စဉ်းစားနေမိလေသည်။ သူ့အနေဖြင့် သွေးနီရောင် ပင်လယ်သို့သွားကာ အသူရာ နတ်ဆိုးဂိုဏ်း ဆိုသည်မှာ မည်သို့သော ဂိုဏ်းမျိုးလဲ ဆိုသည်ကို ပြန်လည်လေ့လာသင့် သည်ဟု ခံစားနေရလေသည်။
"မင်း အခုသွားတော့မလို့လား"
မင်လော့ကမေးလိုက်သည်။
ဆန်းလျန်က အဖြေပြန်ပေးခြင်း မရှိပါ။ သို့သော် သူက မေးခွန်း တစ်ခုဖြင့် အဖြေပြန်ပေး လိုက်လေသည်။
"သွားမယ်ဆိုရင် မင်းကဘာလုပ်မလို့လဲ"
မင်လော့သည့် သူ၏ မိစ္ဆာဓားကောက်ကြီးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလေသည်။ ဓားကို တင်းကျပ်စွာ စုပ်ကိုင်ထား သည့်အတွက် သူ၏ လက်ချောင်းများပင်လျှင် သွေးမရှိဆော့ဘဲ ဖြူဖျော့ နေသယောင် ထင်ရသည်။ သူ၏အပြုအမူ များသည် မြင့်မားသော တောင်တစ်တောင်အလား ဖြစ်သလို နက်ရှိုင်းသောရေနှင့်လည်း အလားသဏ္ဌာန် တူလေသည်။
သို့သော်... သူ၏ မျက်နှာထက်တွင်တော့ မည်သည့် ခံစားချက်မှ မတွေ့ရှိရပေ။
ဓားနှင့်လူ အတူတကွ တည်ရှိနေသည့် ကာလပတ်လုံး အဆုံးမရှိသည့် တန်ခိုး စွမ်းအားများလည်း တည်ရှိနေမည် ဖြစ်လေသည်။
ဆန်းလျန်၏ တန်ခိုး စွမ်းအားများသည် လောကကို ကျော်လွန်ခဲ့ပြီဟု ဆိုနိုင်လျှင် မင်လော့၏ တန်ခိုး စွမ်းအားများမှာ လည်း အထင်သေး လောက်စရာတော့ မဟုတ်ပါ။
YOU ARE READING
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
FantasyZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024