Book 30 Chapter 413

61 8 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၀)

အခန်း (၄၁၃) တရားမရှိရင်သတိလည်းမရှိ

ချန်ကျင်းချင်သည် မျက်လုံးများမှားလေသလားဟု ရေအိုးကို စိုက်ကြည့်နေလေသည်။

ထို့နောက်တွင်တော့ "အမြင်မမှားဘူးထင်တယ်" ဟုသာ သူ့ဟာသူ ဆုံးဖြတ်ချက်ချလိုက်မိသည်။ သို့သော် သေးငယ်သောရေအိုးလေးက မြစ်ရေတစ်၀က်ခန့်ကိုထည့်ထားနိုင်သည်ကို သူ ယခုအချိန်ထိ နားမလည်နိုင်သေးပါ။

သူစဉ်းစားနေဆဲ…

ချက်ချင်းပင် သဘောပေါက်သွားလေသည်။ ဗောဓိသကျသည် တောင်တစ်လုံးကိုပင် မုန်ညင်းစေ့ထဲတွင် ထည့်ထားနိုင်သည်ဟု ကြားဖူးလေသည်။

ဆန်းလျန်ကလည်း ထိုကဲ့သို့ ပညာရပ်မျိုးကို အသုံးချလိုက်ခြင်း ဖြစ်နိုင်သည်။ သို့သော် မည်သို့ အသုံးပြုလိုက်သည်ကို သူနားမလည်သေးပါ။

ချန်ကျင်းချင်သည် ထိုသို့သော ပညာရပ်များနှင့် တန်ခိုးစွမ်းအားများကို စိတ်၀င်စားလေသည်။ သူက ထိုအရာများကို သင်ယူရန် မွေးဖွားလာသည်ဟုပင် ပြော၍ရလေသည်။

ချန်ကျင်းချင်သည် ဆန်းလျန်ကို မည်သို့ ကျေးဇူးတင်စကားပြောရမည်မသိ ဖြစ်နေလေသည်။ သို့သော် ဆန်းလျန်ကလည်း သူ့ကို ကျေးဇူးတင်မခံခဲ့ပါ။

"ဆရာ ၊ တခြားဘာများ ခိုင်းစရာရှိသေးလဲ"

ချန်ကျင်းချင်က မေးလိုက်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ပြောပြီးပြီလေ ၊ မင်းကိုရေခပ်ပေးမယ်ဆိုတာ…"

ရေအိုးကိုယူပြီး ချက်ချင်းထွက်သွားရန်မှာလည်း သိပ်တော့မဖြစ်သင့်သေးကြောင်း ချန်ကျင်းချင် ခံစားနေရသည်။ သို့သော် ဆန်းလျန်က သူ့ကို နေစေချင်ပုံမရတော့ပေ။ ထို့ပြင် သူ့အနေဖြင့် မနက်ဖန်နေ့လည်မတိုင်မီ ကျုန်းစန်းတောင်ပေါ်ရှိ တောင်စောင့်နတ်၀တ်ကျောင်းတော်သို့ အရောက်ပြန်ရဦးမည် ဖြစ်လေသည်။

သူအချိန်ဆွဲနေပါက အချိန်မီရောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ချက်ချင်းပင် သွားရန် ပြင်ဆင်လိုက်တော့သည်။ သူ့တွင် အကြံတစ်ခုလည်း ရှိလေသည်။ သူက တောင်စောင့်နတ်က သူ့ကို မကြည်ဖြူလျှင်တောင်မှ ဆန်းလျန်အကြောင်းတော့ မေးကြည့်ဦးမည်ဟု ဆုံးဖြတ်လိုက်မိသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang