Book 33 Chapter 459

45 5 0
                                    

Uni

အခန်း (၄၅၉) ယင်းစန်းဒေသ

နှစ်ရက်ခန့် ကြာပြီးသည့်နောက် ဆန်းလျန်၏ နတ်ဘုရား စွမ်းအားများမှာလည်း မွေးစ အချိန်ကထက် ဆာလျှင် လေးဆခန့် တိုးပွား လာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိ နေသည့် မူလ ဝိညာဉ်ခန္ဓာသည် တောက်လောင် နေသည့် ကြယ်တစ်လုံးနှင့်ပင် တူလေသည်။ ထိုမူလဝိညာဉ် ခန္ဓာသည် သူရောက်ရှိနေသည့် နေရာမှ အုံ့မှိုင်းနေသည့် မိုးမြေ စွမ်းအားများနှင့် ပေါင်းစပ် သွားသည့်အခါ အနည်းငယ်အုံ့မှိုင်း သော စွမ်းအား အချို့ကို ထုတ်လွှတ် ပေးလေသည်။

ဆန်းလျန်သည် သဘာဝတရားမှ မိုးမြေ စွမ်းအားများကို စုပ်ယူခြင်းကို ကလေးကစားသလို မည်သည့် အခါမှ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပါ။

သူ၏ခန္ဓာကိုယ်မှ အရိုးများနှင့် ဖွဲ့စည်းပုံမှာလည်း ကောင်းစွာ မဖွံ့ဖြိုးသေးသည့် အတွက် သူက ရုပ်ခန္ဓာ ကျင့်စဉ်များကို အလျဉ်စလို ကျင့်ကြံခြင်းမျိုး မပြုလုပ်ခဲ့ပါ။ သူ့အတွက် ခန္ဓာကိုယ် အသစ် ရရှိလာခြင်းက မတူညီသော အခြေခံများကို ပြောင်းလဲပစ်ရန် အခွင့်အလမ်း ရရှိခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်သည် ကျင့်စဉ်လမ်းတွင် အမြင့်ဆုံး အဆင့်ဖြစ်သည့် မိုးကောင်းကင် နတ်ဘုရား အဆင့်ထိ တက်လှမ်းခဲ့ပြီးပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် ထို့ထက် ပိုပြီးမြင့်မားသည့် အဆင့်ကို ကျင့်ကြံရန် အတွက် မဖြစ်နိုင်တော့ပေ။ သို့သော်... သူ၏ ခန္ဓာကိုယ် အသစ်ကို အသုံးပြုကာ အနာဂတ်တွင် မတူညီဘဲ ကွဲပြားသော လမ်းကြောင်းများကို စမ်းသပ် လျှောက်လှမ်း နိုင်မည် ဖြစ်လေ သည်။

သူက ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကိုပင် ပြန်လည် ကျင့်ကြံရန် ဆုံးဖြတ် လိုက်သည်။ သူ လောကကို ကျော်လွန်ခဲ့ သည့် နောက်ဆုံး အချိန်တွင် သူ၏ အဆင့်သည် ဆရာဘွားဘွား လီချင်းဆွေနှင့်ပင် တူညီ သွားခဲ့လေသည်။

သို့သော် မိုးကောင်းကင် နတ်ဘုရား တစ်ပါးဖြစ်ခဲ့ပြီးမှ လူပြန်ဝင်စား ခဲ့ရခြင်းမှာ စိတ်ဓာတ်ကျစရာ အခြေအနေ ဖြစ်သည်ဟု ဆန်းလျန် မထင်ခဲ့မိပါ။ သူ့နေဖြင့် ကျင့်စဉ် လမ်းတစ်လျှောက် ရင်ဆိုင်ခဲ့ရသည့် အမှားအယွင်းများကို ပြင်ဆင်ပြီး တာအိုကို ပြန်လည် တည်ဆောက်ရန် အကောင်းဆုံး အခွင့်အရေး တစ်ခု ထပ်မံ ရရှိခဲ့သည်ဟုသာ မှတ်ယူ ထားလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Onde histórias criam vida. Descubra agora