Book 35 Chapter 485

24 1 0
                                    

Uni

အခန်း (၄၈၅) ပျံသန်းကြယ်စင်

ကွမ်းလုန်ကျီက တပည့်အသစ်များကို ထပ်မံလက်ခံခြင်း မရှိတော့ပေ။ နောက်ထပ် ရောက်လာသူများကို သုံးလနေမှ ပြန်လာရန် မှာကြားလိုက်လေသည်။

ဆန်းလျန်ကတော့ တပည့်လက်ခံခြင်းကို မရပ်တန့်ခဲ့ပါ။ သို့သော် သူ့ထံသို့ လေ့ကျင်းမှလွဲပြီး မည်သည့်တပည့်မှ ရောက်မလာခဲ့ပါ။ ထို့ပြင် ဖေးကျုန်းမှလွဲပြီး လေ့ကျင်း မည်သူဆိုသည်ကိုလည်း အခြားတပည့်များက သိရှိကြခြင်း မရှိပေ။

လေ့ကျင်းသည် အလွန်အဆင့်မြင့်သည့် တော်ဝင်မင်းသမီး တစ်ပါးဖြစ်သည့် အတွက် သူမသည် အခြားတပည့်များကို အဖက် လုပ်လေ့သိပ်မရှိပေ။

တိချိုးမြို့တော် တောင်ဘက်ပိုင်း...

မြို့တော် တောင်ဘက်ပိုင်း တစ်နေရာတွင် ရိုးရှင်းပြီး ကျယ်ဝန်းသည့် ခြံဝင်းကြီး တစ်ခုရှိလေသည်။

ထိုခြံဝင်းကြီးကို "ယင်းခြံဝင်း" ဟုခေါ်ပြီး ယင်းစန်းမှ သံအမတ်များနှင့် ကုန်သည်များ နေထိုင်ရာ နေရာဖြစ်လေသည်။ ယင်းစန်းဒေသ၏ အကြီးအကဲ ဖြစ်သည့် ထျန်းယီကို တာ့ရှားဧကရာဇ်က ရှားထိုက် အကျဉ်းထောင်တွင် သုဉ့်ပန်းအဖြစ် ဖမ်းဆီးထားပြီး ကတည်းက ယင်းစန်းဒေသမှ လူများသည် ထိုခြံဝင်းကြီးအတွင်းမှ အပြင်သို့ သိပ်မထွက်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က တာ့ရှားပြည်တွင် မလိုလားဘဲ ပြဿနာ မတက်ချင် ကြသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်နှင့် အတူတူ ခရီးထွက် လာကြသည့် ဝူတင်နှင့် အခြားသော ကုန်သည်များသည် ယင်းခြံဝင်းတွင် တည်းခို နေထိုင်ကြလေသည်။ ဝူတင်သည် ဓားကို ကျောထက်တွင် လွယ်ထားပြီး တရားထိုင်နေလေသည်။

သူက နေရောင်ခြည် စွမ်းအားများနှင့် ကြယ်တာရာ စွမ်းအားများကို စုပ်ယူပြီး ကျင့်စဉ် ကျင့်ကြံနေခြင်း ဖြစ်လေသည်။

ဝူတင်ကျင့်ကြံ နေသည့် ကျင့်စဉ်မှာ ကြယ်တာရာ စွမ်းအားများကို အခြေခံသည့် "ပျံသန်းကြယ်စင်" ကျင့်စဉ်ဖြစ်လေ သည်။ ထိုကျင့်စဉ်ကို ကျင့်ကြံသူ တစ်ယောက်က သူငယ်စဉ်ကပင် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ယခုတော့သူသည် အဆင့်အတော် မြင့်သည်အထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin