Book 30 Chapter 418

53 4 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၀)

အခန်း (၄၁၈) ထာ၀ရတာအို

လရောင်က လင်းလက်တောက်ပနေလေသည်။

ကောင်းကင်ထက်တွင် ကြယ်များကလည်း စုံလင်နေပြီး နတ်ဘုရားတစ်ပါးသည် ကောင်းကင်ထက်တွင် ကြယ်တစ်စင်းအလား ပျံသန်းလာလေသည်။

ဆန်းလျန်ပင် ဖြစ်လေသည်။

ဆန်းလျန်သည် အရိုးကျနေသည့်လက်ဖြင့် ဒြပ်စင်ငါးပါးမှော်၀င်ဓားကို ကိုင်ဆောင်ထားလေသည်။ လက်ယာလက်၏ အရိုးစုသည် သေခြင်းတရားကို ပုံဖော်နေသည့်တိုင် မှော်၀င်ဓားကတော့ နွေဦးလေပြေအလား ရင်သပ်ရှုမောဖွယ်ရာ ရောင်စဉ်ငါးမျိုး ဖြာထွက်လျှက် ရှိလေသည်။

တောင်စောင့်နတ်ပြောစကားအတိုင်း ချန်ကျင်းချင်သည် ၀တ်ကျောင်းတော်နှင့် အနည်းငယ်ဝေးကွာသည် ဧရာမကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရောက်ရှိနေလေသည်။ သူသည် အဝေးမှနေပြီး ဆန်းလျန်လက်ထဲမှ တောက်ပသည့် ဓားကို တွေ့မြင်နေရလေသည်။

ဆန်းလျန် ပျံသန်းနေသည်မှာ ကြယ်စင်တစ်စင်း ခရီးနှင်နေသည်နှင့်ပင် တူလေသည်။

ချန်ပေသိုသည် ချောက်ကမ်းပါးထက်တွင် ရပ်နေလေသည်။

သူ၏ပုံစံက ဝိညာဉ်ဆန်စွာ ခမ်းနားလွန်းလှသည်။

သူ၏ ခန္ဓာကိုယ်မှ အရောင်အဝါများတောက်ပနေခြင်း မရှိသည့်တိုင် သူ၏ မဟူရာဆံနွယ်ရှည်များက လေထဲတွင် လွင့်မျောနေလေသည်။

သူ၏ပုံစံက အလွန်တည်ငြိမ်လွန်းနေလေသည်။ ချန်ပေသိုဆိုသည်က ကမ္ဘာပျက်လျှင်ပင် တည်ငြိမ်နေဦးမည့် လူစားဖြစ်လေသည်။

နောက်ဆုံးတွင်တော့…

ဆန်းလျန်၏ဓားသည် ချန်ပေသိုရပ်နေသည့် ချောက်ကမ်းပါးကြီးဆီသို့ ၀င်ရောက်လာကာ ရိုက်ချလိုက်လေတော့သည်။

ရုတ်တရက်....
ကျုန်းစန်းတောင်ပေါ်မှ ပေါက်ကွဲသံကြီးတစ်ချက် ထွက်ပေါ်လာလေသည်။ ဗလာနယ်တစ်ခုလုံးကိုသာမက သစ်ပင်များနှင့် မြက်ပင်များပင် တုန်လှုပ်သွားရလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now