Uni
အခန်း (၄၇၉) ကွမ်းလုန်ကျီ
ဆန်းလျန်က အရာရှိမင်းလေ့နော်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"အဲဒီလို ပြောလို့လည်း ရပါတယ်..."
"မင်းက ရွှမ်ကျန်း ကျောင်းတော်ကလား"
လေ့နော်၏မျက်ဝန်းများမှာ ရုတ်တရက် တောက်ပလာပြီး သူ၏ခန္ဓာကိုယ်မှ ဆီများ ဆူပွက်နေသည့် အလား အပူငွေ့များ ထွက်ပေါ် လာလေသည်။ ထိုစွမ်းအားဖြင့် သူ့ရှေ့မှ အရာအားလုံးကို လောင်ကျွမ်း ပစ်နိုင်လေသည်။
အရာရှိမင်းလေ့နော်၏ တန်ခိုးစွမ်းအားသည် အလွန်မှ သိပ်သည်းကြောင်းကို ဆန်းလျန်၏ မျက်ဝန်းထဲတွင် တွေ့မြင် နေရလေသည်။ သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် မည်သည့် ဝိညာဉ်ကိုမဆို ပြာချ ပစ်နိုင်လောက်သည့် စွမ်းအားမျိုး ဖြစ်လေသည်။
သို့သော် အရာရှိ မင်းလေ့နော်၏ စွမ်းအားများ မည်မျှပင် မြင့်မားပါစေ ဆန်းလျန် ရှေ့တွင်တော့ တောင်မြင့်ကြီး တစ်လုံးကို ဖြတ်သန်း တိုက်ခတ်သွားသည့် လေပြည်မျှသာ ဖြစ်လေသည်။ ထိုစွမ်းအားများသည် ဆန်းလျန်ကို မည်သို့မျှ ထိခိုက်နိုင်ခြင်း မရှိပေ။
တာ့ရှား ဧကရာဇ်မင်း၏ ယောက်ဖတော်၊ တော်ဝင်မိသားစု တစ်ခုဖြစ်သည့် ယိုဟူအိမ်တော်မှ မင်းမျိုးမင်းနွယ်၊ ကြီးမြတ်သည့် နိုင်ငံခြားရေး ဝန်ကြီးလေ့နော်သည် အလွန်အမင်း အံ့သြ ထိတ်လန့် သွားရလေသည်။
"ရွှမ်ကျန်းကျောင်းတော်လို နေရာမျိုးလေးက ကျုပ်လိုလူမျိုးကို မွေးထုတ် ပေးနိုင်မယ်လို့ ခင်ဗျားက ထင်လို့လား"
ဆန်းလျန်သည် ထိတွေ့၍မရသည့် စကြဝဠာ မဟာတွင်းနက်ကြီး တစ်ခုအလား လေ့နော် ခံစား နေရလေသည်။ သူ၏ တန်ခိုးစွမ်းအားများ အားလုံးကို ဆန်းလျန်သည် စုပ်ယူသွားလေသည်။
ဆန်းလျန်က မည်သည့် တန်ခိုးစွမ်းအားမှ မထုတ်ရ သေးသည့်တိုင် လေ့နော်မှာတော့ သုံးရက်နှင့် သုံးညတိတိ တိုက်ပွဲ ဆင်နွှဲခဲ့ရသူ တစ်ယောက်အလား မောပန်း နွမ်းနယ်တော့သည်။ သူ၏နဖူးထက်မှ ချွေးစက်များသည် ကြမ်းပြင်ထက်သို့ပင် ကျရောက်သွားလေသည်။

BẠN ĐANG ĐỌC
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
Viễn tưởngZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024