Uni
ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)
အခန်း (၄၂၃) အနိုင်အရှုံး
ဆန်းလျန်၏နေရာတွင် ပေါ်လာသည့်နတ်ဘုရားတစ်ပါးကိုတွေ့မြင်လိုက်သည်နှင့် ချန်ပေသိုက သူရင်ဆိုင်နေရသည့်သူသည် မည်သူဖြစ်သည်ကိုချက်ချင်းရိပ်မိလိုက်လေသည်။ သူ့ရင်ထဲတွင် တစ်ချက်လှုပ်ရှားသွားရသည်။
ထိုနတ်ဘုရားသည် ဓားသိုင်းကျင့်ကြံသူတစ်ယောက်မဟုတ်သည့်တိုင် ဓားသိုင်းတွင် အဆုံးစွန်အဆင့်ကို ကိုယ်စားပြုနိုင်သည့်သူတစ်ယောက် ဖြစ်လေသည်။
နတ်ဘုရားတစ်ပါးသည် ကိုယ်တိုင်ကြိုးစားရယူခြင်းနှင့် မွေးရာပါပါရမီပါခြင်း နှစ်မျိုးဖြစ်နိုင်လေသည်။
ယခုသူရင်ဆိုင်နေရသည့် နတ်ဘုရားမှာ မွေးရာပါပါရမီရှင် နတ်ဘုရားတစ်ပါးဖြစ်လေသည်။ စကြာ၀ဠာ မဖြစ်တည်မီကပင် တည်ရှိခဲ့သည့် ကြီးမြတ်သည့်နတ်ဘုရားတစ်ပါးဖြစ်လေသည်။ တာအိုဆရာသခင်ကြီးနှင့် ဗုဒ္ဓပင်လျှင် ထိုနတ်ဘုရားထက်နောက်ကျပြီးမှ ပေါ်ပေါက်ခဲ့ကြသူများ ဖြစ်လေသည်။
ချန်ပေသိုမှာ ဒဏ္ဍာရီထဲမှ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်လိုက်ရသည့်အတွက် အနည်းငယ်ပင် အူကြောင်ကြောင် ဖြစ်သွားလေသည်။ သို့သော် သူ၏ တည်ငြိမ်မှုကတော့ ပျက်ပြားသွားခြင်း မရှိခဲ့ပါ။
အမှန်တော့ သူ့ရှေ့မှ နတ်ဘုရားက သိပ်ပြီးအရေးမကြီးလှပါ။ ထိုနတ်ဘုရားသည် ပုံရိပ်တစ်ခုမျှသာဖြစ်ပြီး တကယ့်မူလနတ်ဘုရား၏ တစ်သန်းပုံတစ်ပုံလောက်ပင် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိပေ။
သို့သော် အရေးကြီးသည့်အချက်မှာ ထိုနတ်ဘုရား၏ပုံရိပ်သည် ဆန်းလျန်နှင့် ပေါင်းစပ်သွားခြင်းဖြစ်လေသည်။
ထို့ကြောင့်ပင် ထိုနတ်ဘုရား၏ဓားသိုင်းပညာသည် အထွတ်ထိပ်သို့ ချက်ချင်းရောက်ရှိသွားရခြင်း ဖြစ်သလို ဆန်းလျန်၏တန်ခိုးစွမ်းအားများမှာလည်း အထွတ်ထိပ်သို့ မြင့်တက်သွားရခြင်းဖြစ်လေသည်။
ဆန်းလျန်သည် မူလဖြစ်တည်မှုနတ်ဘုရားနှင့် ပေါင်းစပ်သွားပြီး ဒြပ်စင်ငါးပါးမှော်၀င်ဓားကို ကိုင်ဆောင်ထားလေသည်။
BẠN ĐANG ĐỌC
ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)
Viễn tưởngZawgyi + Unicode Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024 Daoist Master of Qing Xuan မူရင်းရေးသားသူ - Zhong Yuan Wu Bai ဘာသာပြန်ဆိုသူ - ဇင်ပြေ Total episodes - 1024